ခရစ်တော် ၏ တစ်ပေါင်းတည်း ကိုယ်စား အသေခံခြင်း
Christ died a vicarious, all – inclusive death

This day = ဒီနေ့ ဆိုတာ ဘုရားသခင် ၏ ရွေးနုတ်ခြင်း စီမံကိန်း အတွက် ဗျာဒိတ်ပေး သတ်မှတ်ထားတဲ့ ခရစ်တော် ပြန်ရှင်ခြင်းနေ့ ကို ဆိုလိုသည်။ ဆာ၊ ၂း၇, ၁၁၈း၂၄, တ၊၁၃း၃၃
            အဲဒီနေ့ ကို ယေရှု ကိုယ်တိုင် ဗျာဒိတ်ပေးသည့် အခါ တတိယနေ့ လို့ ခေါ်သည်။ မ၊၁၆း၂၁,ယော၊၂း၁၉၊၂၂
            အဲဒီနေ့ ကို ရှေးဦး ခရစ်ယာန်တွေ က သခင်ဘုရား ၏ နေ့ ဟု ခေါ်ကြသည်။ ဗျာ၊၁း၁၀, တ၊၂၀း၇,၁ကော၊၁၆း၂
            ဒီနေ့ကြောင့် ဝမ်းမြောက် အားရှိစရာ ... အကြောင်း အရာ သုံးဆယ်ကျော် မက ရှိသည်။
            အပြစ်ကင်းမဲ့သော ယေရှုခရစ် က အပြစ်သား အားလုံး ခံရမည့် ပြစ်ဒဏ်၊ သေဒဏ်၊ ကျိန်ခြင်း၊ အကုသိုလ်၊ အမင်္ဂလာ... များအတွက် အစားဝင် ကိုယ်စားပြု အသေခံ သွားသည့် အခါ ... စင်္ကြာဝဠာ အတွင်းရှိ negative things အနုတ်သဘောများ ... အနည်းဆုံး ၁၆ မျိုး ချေဖျက်သွားကြောင်း သမ္မာကျမ်း ၌ ဖေါ်ပြထားသည်။                                         ချေဖျက်သွားသည့် အရာ တချို့ ကို ယခု ဖေါ်ပြပါမည် ....
၁။ အပြစ် ကိုယ် ကို ကွပ်မျက် လိုက်ပြီ။ ဂလ၊၅း၂၄, ရော၊၈း၃
၂။ အပြစ်သားများ ၏ အပြစ် ကို မိမိ ကိုယ်ပေါ် ယေရှုခရစ် ယူတင်ပြီး၊ အသေခံလျက် သွေးသွန်းပေးချေ ခဲ့ပြီ။ ၂ကော၊၅း၂၁,ယော၊၁း၂၉,၁၉း၃၄, ဗြဲ၊၉း၂၆၊၂၈, ရော၊၇း၁၈, ၈း၃
၃။ ခရစ်တော် ၌ ဘုရားသခင် ကိန်းဝပ်သည်။ လူ ၏ သွေးသား ၌ နတ်ဆိုး စာတန် ကိန်းဝပ်သည်။ အပြစ် နှင့် ပြည့်နေသော သွေးသား ကို သစ်တိုင်ပေါ် တင်ပြီး စီရင် သုတ်သင်သည့် အခါ နတ်ဆိုး စာတန်ပါ သုတ်သင်ခံရ သည့် ထဲ ပါသွားပြီ။ ဗြဲ၊၂း၁၄,ယော၊၁၂း၃၁
၎။ ယေရှု ခရစ် ပေါ် စီရင်ချက် သက်ရောက်သည့် အခါ လောက နှင့် လောက ၏ မင်း နတ်ဆိုး လည်း စီရင် သုတ်သင်ခံရသည်။ ယော၊၁၂း၃၁, ဂလ၊၆း၁၄
၅။ အာဒံ ၏ မျိုးဆက် လူဟောင်းလည်း ကွပ်မျက် သုတ်သင်ခံရသည်။ ရော၊၆း၆, ဂလ၊၂း၂၀,၆း၁၄
၆။ လူဟောင်း နှင့် အတူ ဖန်ဆင်းခြင်း အဟောင်းပါ ချုပ်ငြိမ်းသွားသည်။ ရော၊၆း၆
၇။ ပညတ်တရားများ နှင့် ကျင့်ထုံးများ ... ချုပ်ငြိမ်း သွားပြီ။ ဧဖက်၊၂း၁၅
၈။ မျိုးစေ့ တစ်စေ့ ဖြစ်သော ခရစ်တော် အသေခံခြင်းဖြင့် များစွာသော မျိုးစေ့ ထဲ ဘုရားသခင် ၏ အသက် Divine Life စီးထွက်သွားသည်။ ယော၊၁၂း၂၄, ၁၉း၃၄
၉။ သင့် ထဲ ၌ ဘုရားသခင် ၏ အသက် ရှင်သန်ခြင်း ရှိလျှင် လူဟောင်းအရာများ သေဆုံး ပျက်သုန်းခြင်း ရှိသည်။
၁၀။ သေခြင်း မှ ခရစ်တော် ပြန်ရှင်သည့် နေ့ တွင် We enter into Him and He enter into us. ရွေးကောက်ခံရသော ကျွန်ုပ်တို့သည် ခရစ်တော် ထဲ ရောက်ရှိပြီး၊ ကျွန်ုပ်တို့ ထဲ ခရစ်တော် ရောက်ရှိလာသည်။ ကမ္ဘာ မတည်မရှိမှီ က ဘုရားသခင် ၏ ရွေးနုတ်ခြင်း စီမံကိန်း ... ဒီတစ်နေ့ တည်း မှာ ပဲ ဖြစ်မြောက်သွားသည်။                                                      I in Christ, Christ in me      ခရစ်တော် ၌ ကျွန်ုပ် တည်ရှိနေပြီ၊ ကျွန်ုပ် ၌ ခရစ်တော် တည်ရှိနေပြီ။ ဘုရားသခင် ၏ ရည်ရွယ်ချက် စီမံကိန်း နှင့် ဘုရားသခင် ၏ ကတိစကား ကို ဘုရားသခင် ကပဲ ဖြစ်မြောက်စေသည်။                                       ဘုရားသခင် က ဖြစ်စေပြီ ... ဖြစ်နေပြီ၊ ... လို့ပြောရင် ကျွန်ုပ် ဘာ ဆင်ခြေပေးစရာ ရှိမလဲ ?                                         ၆ရာ၊၇း၁၇-၂၄, ဂလ၊၂း၂၀, ယော၊၁၄း၂၀, ယော၊၁၅း၎၊၅, ၁၇း၂၃၊၂၆
၁၁။ ခရစ်တော် ပြန်ရှင်သည့် နေ့တွင် ဟောင်းသောအရာများ ကွယ်လွန် ကျန်ရစ်ခဲ့ပြီအသစ် ... အသစ် ... တွေ စ ဖြစ် ပြီ။ ၂ကော၊၅း၁၇၊ ယေဇ၊၃၆း၂၆, တိတု၊၃း၅, ဗြဲ၊၁၀း၂၀, ဂလ၊၆း၁၅, ဧဖက်၊၂း၁၅,၄း၂၄, မ၊၂၇း၄၅
၁၂။ ခရစ်တော် ပြန်ရှင်သည့် ဒီနေ့ This day သည် - ပဋိညာဉ်သစ အစ
၁၃။ ခရစ်တော် ပြန်ရှင်သည့် ဒီနေ့ This day သည် - ဖန်ဆင်းခြင်း အသစ် အစ
၁၄။ ခရစ်တော် ပြန်ရှင်သည့် ဒီနေ့ This day သည် - အသက်သစ် အစ ယော၊၃း၁၅၊၁၆၊၃၆,၁၂း၂၄၊၂၅
၁၅။ ခရစ်တော် ပြန်ရှင်သည့် ဒီနေ့ This day သည် - အသက်လမ်းသစအစ
၁၆။ ခရစ်တော် ပြန်ရှင်သည့် ဒီနေ့ This day သည် - ကျေးဇူးတော်ခေတ်အစ ဖြစ်သည်။ဂလ၊၆း၁၀, ဖိလိပ္ပိ၊၄း၁၃, ၂တိ၊၄း၂၂ ။ လူ အဖြစ် ခရစ်တော် ၃၃ နှစ်ခွဲ Earthly ministry လောကတွင် အစေခံခြင်း နှင့် အမှုဆောင်ခြင်း ပြီးစီး အောင်မြင်သွားသည်။ ယော၊၁၉း၃၀
၁၇။ ခရစ်တော် ပြန်ရှင်ပြီး မှ Christ ’s heavenly office ကောင်းကင် ပလ္လင်ပေါ် ယေရှုခရစ် ထိုင်လျက် အရိုက်အရာ၊ ရာထူး မျိုးစုံခြင့် အမှုဆောင်ခြင်း အစပြု သည်။
၁၈။ ပဋိညာဉ်သစ် မှာ - ရာထူးသစ်ဖြင့် အမှုသစ် ခရစ်တော် စတင်သည့် အခါ အလုပ် မပြီးသေးပါ။ unfinished,unlimited, အကန့်အသတ်မဲ့ လုပ်ပေးနေတုန်း၊ လုပ်ပေးနှေဆဲ ရှိသည်။                                                        လူ အသိ၊ လူ့စိတ်၊ ဂိုဏ်းဂဃ အယူဝါဒဖြင့် ဘုရားသခင် ၏ လုပ်ဆောင်ပေးခြင်း ကို ဘောင်ခတ်၊ ကန့်သတ်ခြင်း မပြုပါနှင့်။ ကန့်သတ်လျှင် သင် ကျပ်မပြည့် ဖြစ်မည်။ ချို့တဲ့၊ဆင်းရဲလျှက် ဝမ်းနည်း ကြေကွဲ မဆုံး ဖြစ်မည်။
၁၉။ လူ ၏ သား ယေရှု = Son of man Jesus ၏ သွေးသား ခန္ဓာကိုယ်သည် သစ်တိုင်ပေါ် အသေမခံခင် က လူ ဖြစ်စဉ်  ၌ Divinity ဘုရားပကတိ သို့ မဖြစ်သေးပါ။  Son of God ဘုရားသခင် ၏ သားလည်း မဖြစ်သေးပါ။ လူသား ယေရှု အသေခံပြီး ပြန်ရှင် မှ ဘုရားသခင် ဘုန်းတန်ခိုး နှင့် ပြည့်ဝပြီး ဘုရားအဖြစ် Divine သို့ ပြောင်းသွားသည်။
၂၀။ တံခါး အလုံပိတ် ထားသည့် အဆောက်အဦးထဲ ကျောက် နံရံ ကို ဖြတ်ကျော် ဝင်ထွက် သွားလာနိုင်သည်။ မိနစ်ပိုင်း အတွင်း တစ်နိုင်ငံ မှ တစ်နိုင်ငံ သို့ ကိုယ်ဖျောက် မြေလျှိုး မိုးပျံ ကူးလူးသွား လာနိုင်သည့် ဝိညာဏ ခန္ဓာကိုယ်မျိုး ဖြစ်သွားသည်။ သေခြင်း မှ ပြန်ရှင်ပြီးနောက် ယေရှု ၏ လူခန္ဓာကိုယ်သည် မအို၊ မနာ၊ မသေနိုင်တော့ပါ။ အကန့်အသတ်မဲ့ ဖြစ် သွားသည်။
၂၁။ ယခု ယေရှုခရစ်သည် ဘုန်းပွင့်သော လူ ခန္ဓာကိုယ် နှင့် ကောင်းကင် ပလ္လင်ပေါ် ၌ စိုးစံနေသည်။
၂၂။ ယေရှုသည် လူ ခန္ဓာကိုယ် နှင့် တစ်ဖန် ပြန်ဆင်း ကြွလာ ဦးမည်။ ယော၊၂၀း၂၁
၂၃။ ယေရှုခရစ် ပြန်ရှင်ခြင်း အသက် နှင့် အချိန်တိုင်း ရှင်ပြီး ယေရှုခရစ် နှင့် အတူ ဒုက္ခဆင်းရဲ ခံသူများသည် ယေရှု နှင့် အတူ ဘုန်းတန်ခိုး ပြည့်သည့် ခန္ဓာကိုယ်မျိုး ဖြစ်လာပြီး
၂၄။ ချီဆောင်ခံရသည့် နေ့တွင် ကောင်းကင် သို့ ပါသွားလျက် Mighty one အစွမ်းတန်ခိုးကြီးသူများ အဖြစ် ယေရှု နှင့် အတူ ပြန်ဆင်းကြွလာမည်။ ရော၊၈း၁၇၊၃၀, ဖိ၊၃း၉၊၁၀,၄း၂-၄,၅၊၁၃, ဗျာ၊၁း၉, တိတု၊၃း၇, ဂလ၊၂း၂၀,၄း၇, ဖိ၊၁း၁၉-၂၁, ၂း၁၂-၁၆
၂၅။ ယေရှုခရစ် နှင့် အတူ ကြွဆင်းလာသည့် အစွမ်းတန်ခိုးကြီးသူများသည် ဤလောကတွင် ယေရှုခရစ် ၏ ပြန်ရှင်ခြင်း အသက် နှင့် ရှင်ခြင်းကြောင့် overcomers အောင်မြင်သူများ ဖြစ်ကြသည်။ ယောလ၊၃း၁၁, ဗျာ၊၂း၂၆၊၂၇, ၁၇း၁၄, ၁၉း၁၁-၂၁, ၂၀း၎-၆, မ၊၁၉း၂၈။ အစွမ်းတန်ခိုး ကြီးသူများ က ယေရှုခရစ် နှင့် အတူ အန္တီခရစ် နှင့် အပေါင်းပါများ ကို ချေမှုန်းပစ်မည်။ ယော၊၃း၁၁, ၂သက်၊၂း၈, ဗျာ၊၁၉း၁၁-၂၁
၂၆။ ခရစ်တော် ပြန်ရှင်ခြင်းဖြင့် အောင်မြင်ခြင်းတွင် ဘုရားသခင် နှင့် ကျွန်ုပ်တို့ ပြန်သင့်မြတ်ခြင်း ဖြစ်လာသည်။ ရော၊၅း၁၀၊၁၁, ကော၊၁း၂၀
၂၇။ ကျေးဇူးတော်ခေတ် ထဲ ရောက်ရှိသည့် ပြန်ရှင်ခြင်းနေ့ မှ စပြီး ကျေးဇူးတော်ကို အကန့်အသတ်မဲ့ unlimited အစဉ်အမြဲ ဘုရားသခင် ပေးနေပြီ။ ဧဖက်၊၃း၈, ရော၊၈း၃၂, ၁ကော၊၃း၂၁-၂၂
၂၈။ သေခြင်း မှ ခရစ်တော် ပြန်ရှင်သည့် နေ့၌ ရွေးနုတ်ခံရသည့် ကျွန်ုပ်တို့သည်
 သေခြင်း မှ ရှင်ခြင်းထဲ ကူးပြောင်းသွားပြီ။
အာဒံ မှ ခရစ်တော်ထဲ ကူးပြောင်းသွားပြီ။
နတ်ဆိုး အဝိဇ္ဇာ အမှောင်နိုင်ငံ မှ ဘုရားသခင် အလင်းနိုင်ငံ ထဲ ကူးပြောင်းပြီ။
အပြစ်တရား ထဲ သေနေသော ဘဝ မှ ဘုရား အသက် နှင့် ရှင်သည် အဖြစ် သို့ ကူးပြောင်းပြီ။
ပဋိညာဉ်ဟောင်း မှ ပဋိညာဉ်သစ် ထဲ ကူးပြောင်းပြီ။
ရုန်းကန် လုံးခြာလည်နေခြင်း မှ ကျေးဇူးတော်ထဲ ကူးပြောင်းပြီ။
ချုပ်နှောင်ခံရခြင်း မှ လွတ်မြောက်ခြင်း ထဲ ကူးပြောင်းပြီ။ ယော၊၅း၂၄, ရော၊၆း၎၊၅, ၈-၁၁,၁၄၊ ၈း၂

 

ဖန်ဆင်ခြင်း အဟောင်း                                                       ဖန်ဆင်းခြင်း အသစ်
ပဋိညာဉ် ဟောင်း                                                              ပဋိညာဉ် သစ်
အာဒံ ၌                                                                          ခရစ်တော် ၌
ပညတ်တရား                                                                   ကျေးဇူးတော်                              



ဆင်ခြင် စစ်ကြောပါ။
ခရစ်တော် ပြန်ရှင်သည့် နေ့၌ ဖြစ်သွားသည့် အထက်ဖော်ပြသော ၂၈ မျိုးထဲ က သင် ၌ ဘယ် နှစ်မျိုး ဖြစ်ပြီလဲ ?  ဒီနေ့ မှာ ဖြစ် တဲ့ ၂၈ မျိုး သင် ၌ မဖြစ်လျှင် တရားစီရင်ရာ ထို နေ့ မှာ သင် ဘာဖြစ်မလဲ? မ၊၇း၂၂, ၁ကော၊၃း၁၃, ၄း၅, ၂ကော၊၅း၁၀ ။ ဖြစ်သွားသော ၂၈ မျိုး မိမိထဲ ဖြစ်နေအောင် subjective experience ဖြစ်စေအရှင် ခရစ်တော် က ဘယ်လို လုပ်ပေးနေကြောင်း သင် ခံယူ ချင် သလား ?                                                                                               `      ဒီနေ့ မှာ ဖြစ်သွားခဲ့သည့် အရာများသည် ရပ်တန့်သွားခြင်း မရှိပါ။ ယုံကြည်သူအတွင်း မှာ သက်သေ ထင်ရှား ဆက်ဖြစ်နေဆဲ၊ ဆက်ဖြစ်နေ ဦးမည်။ နေ့ရက်တိုင်း ခရစ်တော် ၏ ပြန်ရှင်ခြင်း အသက် နှင့် အောင်မြင်ခြင်း ကို ကိုယ်တွေ့ခံစားနေဖို့ လိုသေးသည်။
ခရစ်တော် ၏ ပြန်ရှင်ခြင်း အသက် နှင့် အောင်မြင်ခြင်း ကို သင် ကိုယ်တွေ့ခံစားဖို့် ဖြစ်သည်။ ရက်သတ္တ တစ်ပါတ် တစ်ခါ၊ နှစ်ခါ၊ ခရစ်တော် ပြန်ရှင်ကြောင်း အောက်မေ့ သတိရဖို့ မဟုတ်ပါ။ နေ့တိုင်း၊ အမှုအရာတိုင်း ၌ သင့်ထဲ မှ ခရစ်တော် အသက်ရှင် အောင်မြင်ပေးနေသည် ကို သင် နေ့စဉ် ခံစား ဝမ်းမြောက်ပါစေ။
                                                                                                                    Dr.Luke





0 Reply to "Christ died a vicarious, all – inclusive death"

  • Post a Comment