How can live blessed a long life

Posted on 10:42 AM, under


                                            အသက် ရှည် ပြီး ကောင်း စားဖို့
        အသက် တာ ရှည် ၍ ကောင်းစား မည် အကြောင်း ၊ ဘုရားသခင် မှာထား သည် အတိုင်း ကိုယ် မိဘ ကို ရိုသေ ရမည်   တရား ၅း၁၆ ။
                   ကိုယ် မိဘ ကို ရိုသေ လျှင်  အသက်တာ ရှည် ပြီး ကောင်းစား မည် ဟု ဘုရား သခင် မိန့်မှာထားသည်။
ဘယ် လို ရိုသေ မလဲ
                               ၁.    လူကြီး မိဘ နားတွင် ဖြေးညင်း စွာ လျှောက် လှမ်း ပါ  ။
                      ၂.    လူကြီး မိဘ  အပေါ် အကောင်း လက္ခဏာ ဖြင့် ရှု မြင် ပါ ။ နားထောင် ခံ ယူ ပါ ။
            ၃.    လူကြီး မိဘ နား တွင် ကျယ်လောင် သံ မ ပြု နှင့် ။   ခြေသံ မပြင်း စေ နှင့်။
၎.    လူကြီး မိဘ ထက် အရင် ဦး ပြီး ယူငင် စားသောက် ခြင်း မပြု နှင့်  ။
၅.    လူကြီး မိဘ ထက် အရင် ဦးပြီး စကားလု မပြော နှင့် ။
၆.    လူကြီး မိဘ ရှေ့  မှ ဖြတ်ပြီး ဘာ မျှ မလုပ် နှင့် ။
၇.    သင့် စိတ်ထား  ၊  အနေအထိုင် ၊ အပြောအဆို  များ သည် မိဘ အပေါ် မကြောနှင့် ၊ အထက် မှာ မနေ နှင့် ။
၈.    လူ ရှေ့  နေ သည့် အခါ ၊ ရပ် နေ သည့်  အခါ ၊ မိဘ နောက် တွင် နေ ပါ ။
၉.    မိဘ ကို ရှေ့ တန်း တင် ပါ ။ ဆုတောင်းခြင်း ၌ အစဉ် ဆုတောင်း ပေး ပါ  ။
၁၀.  စား ကောင်း သောက် ဖွယ် စားသောက် ရ တိုင်း မိဘ ကို သတိ ရ ပြီး ကျွေး မွေး ပါ ။
၁၁.  အိမ်ထောင် ခွဲ ပြီး နေ လျှင် အ ပါတ်စဉ် စားသောက် ဖွယ် ပို့ ပေး ပါ ။
၁၂.  ဝေး ခဲ့ လျှင် ဖုံး ဆက် ပါ ၊ စာ ရေး ပါ ၊ ငွေ ပို့ ပေး ပါ ။
၁၃.  ပြင် သို့  ထွက် လို လျှင် အိမ်ထောင် ဦးစီး မိဘ ထံ ခွင့် တောင်း ပါ ၊ ကန်တော့ ပါ။
၁၄.  ပြင် မှ ပြန် လာ လျှင် (သို့) တစ်ခုခု အကြံ ရှိ လျှင် မိဘ ကို အကြောင်းကြားပါ ။

ဆင်ခြင် ပါ
                     မိဘ သေ ပြီး မှ မိဘ ကောင်း ကြောင်း ကြွား ၀ါ တာ ထက်
          မိဘ အသက် ရှင် စဉ် မိဘ အတွက် ကောင်းမှု  ပြု တာ ပို အရေး ကြီး တယ် ။
                                မိဘ သေ မှ ငိုကြွေး ၀မ်းနည်း ကြေ ကွဲ နေ တာ ထက်
              မိဘ အသက် ရှင် စဉ် မိဘ စိတ် ချမ်းသာ အောင် ပြုစု တာ အ ကျိုး ရှိ တယ်  ။
ဘာ ကြောင့် မိ ဘ ကို မရို သေ သလဲ
                                                               ၁.  သားသမီး  များ ကို အလို လိုက် သော ကြောင့်
                            ၂.  သားသမီး  များ ကို  မိဘ များ  မ သွန် သင် တတ် သော ကြောင့်
     ၃.   မိဘ များ ၏   အားနည်း ချက်  နှင့်  အပြစ် ကို   ကြည့်  ပြီး အထင် သေး သောကြောင့်
သတိပြု ပါ
                     မိဘ များ ၌   ပညာ နည်း ခြင်း ၊  စည်း စိမ် ဥစ္စာ နည်းပါး ခြင်း ၊  သမာဓိ  သစ္စာ ချို့ တဲ့ခြင်း   အပေါ် ဆင်ခြေ ပြ ပြီး  ၊  မိဘ အား ရို သေ  လေးစားမှု   ကင်းမဲ့ခြင်း  သည် မှားသည် ။
                                     ပညာ ရှိသော မိဘ ကို  ရိုသေ ပါ ဟု  ကျမ်းစာ က မပြော  ပါ ၊
                     သစ္စာ သမာဓိ  ရှိသော  မိဘ ကို  ရိုသေ ပါ ဟု  ကျမ်းစာ က မ ပြော  ပါ ။
မိဘ က ဘယ်လို ပဲ ဖြစ်ဖြစ်  ၊ ကိုယ် မိဘ ကို ရိုသေ ဖို့  သည် သားသမီး တိုင်း၏  တာဝန် ဖြစ် သည် ။
                   ယခုခေတ်   BA  .  B.Sc   ဘွဲ့ ဒီဂရီ  ရ သော သူ တို့ သည်  ဘာ သာပြန် နိုင် စွမ်း မရှိ  ၊ ပြည် ပ ကုမ္ပဏီ များ ၌ အင်္ဂလိပ်  လို စကား  ပြောပြီး အလုပ်လုပ် နိုင် သော  အရည် အချင်း မရှိ ပါ  ။  ကျွန်ုပ် တို့ မိဘ  ခေတ် တုန်း က  ဆယ်တန်း  ကျောင်းသား များမှာ….ဘာသာ ပြန်နိုင်  စွမ်း ရှိကြ သည်  ။   ပြည်ပ ကုမ္ပဏီ  များတွင်   နိုင်ငံ ခြား သား များနှင့်  စကား ပြော ဆို ပြီး  အလုပ်လုပ် နိုင် သော အရည် အချင်း  ရှိကြသည်  ။  ထို့ ကြောင့် လူ ပေး သည့်  ဘွဲ့ ဒီဂရီ လက်မှတ်  ဖြင့် မ တိုင်း ပါ နှင့်  ။  မျက်စိ  ဖြင့် မြင် ရ သည့် အရာ ဖြင့်  မိဘ ကို မတိုင်းတာ ပါ နှင့်  ။  သင့် ထက်သာ သော အရာ များစွာ  ရှိ ပါ သည်  ။

                                               မိခင် က သင့် ကို ၀မ်း ၌ ကိုးလ  လွယ် ခဲ့ သည်
                                သင့် ကို       ရင် ၌  တစ် နှစ် ခွဲ ပွေ့ ပိုက် ခဲ့ သည် 
              သင့် ကို ကျော ပေါ် တစ် နှစ် ခွဲ  ပိုး ခဲ့ သည်
 စိတ် နှ လုံး  ထဲ သင့် ကို  တစ်သက် လုံး  ချီ ပင့် ထား သည် 
          သင့် ကို  ကျွေး မွေး ပြီး ပညာ သင် ပေး ခဲ့ သည်   ၊
                  ဘယ်လို  ပဲ ဖြစ်ဖြစ်  ၊ ဘာ ပဲ ဖြစ် ဖြစ် မိဘ ကို  ရိုသေ ပါ  ။
ဘာ ကြောင့် မိ ဘ ကို  ရိုသေ ဖို့ လို သလဲ
                                                       ၁.    ဘုရားသခင်  မိန့် မှာ ထား သော ကြောင့်
                                       ၂.    သားသမီး များ အသက် ရှည် ဖို့
                   ၃.    သားသမီး  များ ကောင်းစား ဖို့
ထို့ကြောင့်
              သားသမီး များ ၏ အကျိုး ကို ထောက် ပြီး ဘုရားသခင် ၏ တရားတော် နှင့် အညီ  ကိုယ်  မိဘ  ကို ရို သေ တတ်ဖို့  မိဘ များက သားသမီး  များ ကို  ဆုံးမ သွန် သင် သင့် သည်  ။
                                  အ ကောင်း ဆုံး  အရင်း အမြစ်
      ကလေး သည်  သာ၍  ကောင်း သော  အနာဂတ်  အတွက်  အရင်း အမြစ် ဖြစ် သည် ။
ဘုရားသခင် ၏ ကောင်းချီး ထဲ တွင် ကလေး သည်  အကောင်း ဆုံး အရင်း အမြစ် ဖြစ်သည် 
ဘုရားသခင် ၏ ကောင်းချီး မင်္ဂလာ ခံစား ရ သူ သည် များစွာသော ကလေး သူငယ် များ ကို မွေးဖွား ပြုစု   ကျွေးမွေး ရ သည့်  အခွင့် အရေး  ရှိသည်  ဆာ ၁၂၇း ၃-၅ , ၁၂၈း ၁-၎
             ကလေးသူငယ်  များ ကို  မွေးဖွား  ပြုစု ကျွေးမွေး ရခြင်း သည် မင်္ဂလာ ရှိသူ ၏ လက္ခဏာ ဖြစ်သည်  ။ 
                                                                                            မျိုးစေ့