The Amalekites Defeated

Posted on 9:53 AM, under


အာမလက် ကို အောင်နိုင်ခြင်း    ထွ ၊ ၁၇-၁၆
အာမလက် လူမျိုး သည် အပြစ်ထဲ လုံးလုံး ကျဆင်းသောလူ ဇာတိ ငါ ကို ပုံဆောင်သည်။ ဂလာ ၊ ၁၆, , ၁၉
အာမလက် နှင့် ဣသရေလတို့ တိုက်ခိုက်ခြင်း သည် ဇာတိ နှင့် ဝိညာဉ် (ဝိညာဉ်တော်) အကြား ပဋိပက္ခ တိုက်ခိုက်ခြင်း ကို ပုံဆောင်သည်။ ဂလာ ၊ ၁၇  , ၁ပေ ၊ ၁၁ အာမလက် လူမျိုး သည် ယာကုပ်၏ အမွှာ ညီအစ်ကို ဧသော မှ ဆင်းသက် လာသည်။
က ၃၆၁၂  ဝိညာဉ် အသက်သစ်မွေးသူ (ဝိညာဉ်လူ) ကို ပုံဆောင်သော ယာကုပ် သည် ဇာတိလူ ဖြစ် သော ဧသော နှင့် အလွန် န်ီးစပ် ဆက်နွယ်လျက် ရှိကြောင်း နားလည် ရသည်။ ဇာတိ (လူဟောင်း) ဧသောသည်  အရင်မွေးပြီး  ဝိညာဉ် (လူသစ်) ယာကုပ် နောက် မှ မွေးဖွား လာသည်။
       ကောင်းသော ခါနာန် ပြည်သို့ သွားရာ လမ်းပေါ်မှာ ဣသရေလလူမျိုး တို့သည် ပထမဦးဆုံး တွေ့ဆုံ တိုက်ခိုက် ရသော ရန်သူမှာ အာမလက်လူမျိုး ဖြစ်သည်။ တရား ၂၅၁၇-၁၈ , ၁ရာ ၊ ၁၅   ထိုနည်းတူ ဝိညာဉ်အသက်သစ် မွေးသူ တွေ့ဆုံ တိုက်ခိုက် ရမည့် ရန်သူများ အနက် ပထမဦးဆုံး ရန်သူမှာ ကျွန်ုပ်တို့၏ ဇာတိငါ ပင် ဖြစ်သည်။ ၄င်းတို့ အနက် ဇာတိငါသည် ယုံကြည်သူတို့ကို ဆန့်ကျင် တိုက်ခိုက်သူ ထဲမှ အထင်ရှားဆုံးဖြစ်သည်။ ဂလာ ၁၇ ကျွန်ုပ် တို့၏ ဇာတိငါ’   အသေသတ်ခြင်းကို ကိုယ်တွေ့ ခံစားရ သောအခါ, ဂလာ၅၂၄ , ရောမ ၁၃လောက က ကျွန်ုတို့ကို ဆက်မချုပ်ကိုင် နိုင်၊ အပြစ်တရားလည်း ကျွန်ုပ်တို့ထဲ ဆက်လက် စစ်မဆင်နိုင်၊ စာတန်လည်း ကျွန်ုပ် တို့အပေါ် လွမ်းမိုး ချုပ်ကိုင် ဖို့ တန်ခိုးမဲ့ သွားတော့တယ်။
ဣသရေလ တို့ကို တိုက်ခိုက်သော အာမလက် လူမျိုး ၏ ရည်ရွယ်ချက်သည် ကောင်းသောမြေ ခါနာန်ပြည်ထဲသို့ သူတို့မဝင်နိုင်အောင် ဆီးတား နှောင်ယှက် ပျက်ပြား စေခြင်း ဖြစ်သည်။ ထိုနည်းတူ (စာတန်၏ရည်ရွယ်ချက်သည်) ကျွန်ုပ် တို့၏ ဝိညာဉ် ကို တိုက်ခိုက်သော ကျွန်ုပ်တို့၏ ဇာတိငါကို နိုးဆွ ရှင်သန် လာစေသည်။ ကျွန်ုပ်တို့ ၏ (ကောင်းသော ခါနာန်မြေ) ပေါင်းချုပ်ဖြစ်သော ခရစ်တော် ၏ ဝမ်းမြောက် ကြွယ်ဝခြင်း ထဲသို့ မဝင်နိုင်အောင် ဆီးတား၊ နှောင့်ယှက်၊ ပျက်ပြား စေသည်။
မောရှေ လက်ကို ချီကြွ သောအခါ, ယောရှုက  ဣသရေလ လူ တို့ အတွက် ရန်သူကို တိုက်ခိုက် အနိုင်ယူပေး သည်။ တောင်ပေါ် လက်မြှောက်သော မောရှေသည် ကောင်းကင်ဘုံ တက်ကြွသွားသော ခရစ်တော် ၏ ကြားခံ ကိုယ်စားပြု ရပ်တည် အမှုဆောင်ခြင်းကို ပုံဆောင်သည်။ ရော ၊  ၃၄ဟေဗြဲ ၊ ၂၅ , ၁တိ ၊၂    မြေကြီးပေါ် ရပ်တည် တိုက်ခိုက်ပေးနေသော ယောရှုသည် ကျွန်ုပ်တို့၏ ဇာတိငါကို ဆန့်ကျင် တိုက်ခိုက် အနိုင်ယူပေးဖို့ ကျွန်ုပ်တို့ ထဲ၌ ဝိညာဉ်တော် အားဖြင့်ကိန်းဝပ်သော ခရစ်တော် ကို ပုံဆောင်သည်။ ရောမ၊၈-၁၁ , ဂလာ ၁၆-၁၇  
ဣသရေလတို့သည်
() မန္နမုန့် နှင့် ထွ ၁၆                    
() ကျောက်ထဲမှ ထွက်သော စမ်းရေ ထောက်ပံ့ ပေးခြင်း  ထွ ၁၇-                                                         
() ချီမြှောက် ထားသော မောရှေ လက် နှင့်                                                                                                      () ယောရှု၏ တိုက်ခိုက် အနိုင်ယူပေးခြင်းအားဖြင့် ရန်သူ အာမလက် တို့ကို အောင်နိုင် ခဲ့ကြသည်။
ထိုနည်းတူ                                                                                                                                                                    () အသက်မုန့် အဖြစ် ထောက်ပံ့ ပေးသော ခရစ်တော် ကို စား ခြင်း                                                                                                           
 () အသက်ရေ အဖြစ် ထောက်ပံ့ ပေးသော ခရစ်တော် ကို သောက်သုံးခြင်း                                                                                                   
() ခရစ်တော် နှင့် အတူ ကြားခံ ကိုယ်စားပြု ရပ်တည် ဆုတောင်းခြင်း နှင့်                                                       () ကျွန်ုပ်တို့ ဇာတိငါကို ခရစ်တော်နှင့် အတူ အသေခံ၍ ဝိညာဉ်တော် ၏ တိုက်ခိုက် အနိုင်ယူခြင်း အားဖြင့် ဇာတိငါကို အောင်နိုင်ခြင်း ဖြစ်သည်။ ရောမ ၊ ၁၃ , ဂလာ ၊ ၂၄ 
တောင်ထိပ်ပေါ်မှာ ဆုတောင်းသော မောရှေသည် ကောင်းဘုံ၌ ကြားခံ ကိုယ်စားပြု ဆုတောင်းပေးနေသော ခရစ်တော်ကို ပုံဆောင်သော်လည်း လက်ညောင်းလာ တတ်သော မောရှေသည် ကျွန်ပ်တို့ ယုံကြည်သူ ကို ကိုယ်စားပြုသည်။ ထိုကြောင့် ကောင်းကင်ဘုံ၌ ခရစ်တော် ဆုတောင်းနေ  သကဲ့သို့ မြေကြီးပေါ်မှာ ကျွန်ပ်တို့ ဆုတောင်း နေဖို့ လိုအပ်သည်။ ၁တိ  
ဇာတိငါသည် ဘယ်တော့ မှ မပြောင်းလဲ မကောင်းလာနိုင် သောကြောင့် ခရစ်တော် ၏ ကြားခံ ကိုယ်စားပြု ဆုတောင်း အမှုဆောင်ခြင်း၌  ကျွန်ုပ်တို့သည်  ကိုယ့်ကိုကိုယ် ပါဝင်စေပြီး စဉ်ဆက်မပြတ် ဆုတောင်းနေမှသာ  ဇာတိ ငါ ကို ဝိညာဉ်တော် အားဖြင့် ဆန့်ကျင် တိုက်ခိုက် အနိုင်ယူ နိုင်သည်။ ၁သက်၊ ၁၇ကော        သို့သော်လည်း ကျွန်ပ်တို့ ချီမြှောက် သော ဆုတောင်းခြင်းလက် သည် မကြာခဏ ညောင်း၊ လေးလံ တတ်သော ကြောင့် ကျွန်ပ်တို့ကို ထောက်မ ပေးဖို့ ကျောက်တုံး အာရုံ နှင့် ဟုရ တို့၏ အကူအညီ ကို ထပ်မံ လိုအပ် သည်။

ကျွန်ပ်တို့ ဆုတောင်းခြင်း အသက်တာ၏   ထိုင်ရာ အမာခံ ကျောက် တုံး သည် ကျွန်ုပ် တို့ ထဲ ဘယ်လောက် အားနည်းကြောင်း နားလည် သဘောပေါက် စေပြီး စဉ်ဆက်မပြတ် လက်မြှောက် ဆုတောင်းနိုင်ရန် ကျောက်တုံးတည်း ဟူသော ခရစ်တော်ကို ကျွန်ုပ်တို့ အထောက်အပံ့ အဖြစ် လိုအပ်သည်။  ယော၊ ၁၅     ယဇ်ပရောဟိတ်မင်း အာရုံ  ထွ၊  ၂၈  သည်  ဟေ ဗြဲ ၊၅ -  ယဇ်ပရောဟိတ် ဖြစ်ခြင်း ကို ဆို လို ပြီး ယုဒ အမျိုး ဖြစ်သော ဟုရ  ထွ၊ ၁၂  သည် ဘုရင် ဖြစ်ခြင်း ကို ရည် ညွှန်းသည် က၊ ၄၉၁ဝ   
ယဇ်ပရောဟိတ်  အသက်တာ သည် အသန့်ရှင်းဆုံး ဌာန နှင့် ဆက်နွယ်လျက် ရှိသည် နည်းတူ   ကျွန်ုပ်တို့ ၏ကိုယ်တွေ့သည်လည်း    ကျွန်ုပ်တို့ ဝိညာဉ် နှင့်  ဆက်နွယ်လျက် ရှိ သည်။ ဟေဗြဲ ၁ဝ၁၉  ဤ အကြောင်းကြောင့် ကျွန်ုပ်တို့ စဉ်ဆက် မပြတ် ဆုတောင်းနိုင်ရန် နှင့် ဇာတိငါ’  ကို အနိုင်ယူရန် ကျွန်ုပ်တို့ ၏ ဝိညာဉ်ကို ခွန်အား နှင့်ပြည့်စုံ ၊ ခိုင်ခံ့စေသော ယဇ်ပရောဟိတ် ဖြစ်ခြင်း အသက်တာ လိုအပ်သည်။ သခင် ယေရှုခရစ် ရှင်ဘုရင်  ဖြစ်ခြင်း အခွင့်အာဏာ အောက်၌ လည်းကျွန်ုပ်တို့ နာခံ ဖို့ လိုအပ်သည်။ ထို့ပြင် ဟုရ သည် ထွက်မြောက်ရာ ပန်းတိုင်ဖြစ်သော တဲတော်ကို တည်ဆောက်ခြင်း၌  ပါဝင်သူ ဖြစ်သည် ထွ ၊ ၃၁-  ထိုကြောင့် ကျွန်ပ်တို့ ဆုတောင်းခြင်း ၏ ပန်းတိုင်းမှာ အသင်းတော်(ခရစ်တော် ၏ ကိုယ်ခန္ဓာ) ကို တည်ဆောက်ဖို့ ဖြစ်သည်။
            ဇာတိငါသည် ဘုရားသခင် ၏ ရန်သူ ဖြစ်သောကြောင့် ဘုရားသခင်ကို နာခံ၊ အာရုံစိုက် နိုင်စွမ်း မရှိပါ။  ရော -   ထိုကြောင့် ဇာတိငါ’  အတွက် ဘုရား ၏ ရည်ရွယ်ချက်မှာ အဆုံးသတ် သုတ်သင် ဖယ်ရှား ပစ်ဖို့သာ ဖြစ်သည်။ မိလေနိ နိုင်ငံတော် (နှစ်၁ဝဝဝ) ခေတ်  ၌ အမှန်စင်စစ် ဖြစ်လာမည်။ ယာဝေ နိစေး အဓိပ္ပါယ်မှာ  ထာဝရဘုရားသည် ကျွန်ုပ်တို့ အောင်လံ (အောင်မြင်ခြင်း) ဖြစ်သည်။ မောရှေ တည်ထောင်ပြီး နာမည် ပေးသော ယဇ်ပလ္လင် သည် ဇာတိငါအပေါ် အောင်မြင်စေသော ခရစ်တော် ကားတိုင် ကို ရည်ညွန်းသည်။ ဂလာ ၊၅၂၄ , ၂၄   ကားတိုင် အားဖြင့် သခင်ဘုရား ကို ကျွန်ပ်တို့ ၏ အောင်လံ (အောင်မြင်ခြင်း) အဖြစ် ဝမ်းမြောက်စွာ ဆက်ဆံ ဝင်စားခွင့် ရပြီ။
အာမလက်လူမျိုးသည် ဘုရားသခင် ပလ္လင်တော်ကို ဆန့်ကျင် ပုန်ကန်သော လက် ဖြစ်သကဲ့သို့ ဇာတိငါသည် ဘုရားသခင်၊ ဘုရား ပလ္လင် နှင့် ဘုရား ၏ အုပ်စိုးခြင်း အာဏာစက် ကို ဆန့်ကျင် ပုန်ကန် နေသည်။ ဇာတိငါ လက္ခဏာ တစ်ခုစီ တိုင်းသည် ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ ဘုရားသခင့် အာဏာစက် ရန်သူ ဖြစ်သည်။ ရောမ၊ အကြောင်းကြောင့် ဇာတိငါကို စဉ်ဆက်မပြတ် စစ်ဆင် တိုက်ခိုက် ရန် ဘုရားသခင် ဆုံးဖြတ်ချက် ချ သည်။ သူကြီး ၊ ၁၃-၁၅ , ၁၄ , , ၇၁-၁၄ , ၁ရာ ၊ ၁၅ - ,၃၂,၃၃ ၂၇ , ၃ဝ-၁၇, ၂ရာ ၊ ၁၂ , ၅ရာ ၊ ၄၂-၄၃ , ဧသတာ ၊ - , -၁ဝ    ရန်သူ အာမလက် လူမျိုး ဇာတိငါ’  ကို လုံးဝ အမြစ်ပြတ် သည့်တိုင် သုတ်သင် ချေမှုန်း ပစ် ဖို့ ဖြစ်သည် ထွ ၁၇၁၄
ထွ ၁၈  သည် ဘုရားသခင် နိုင်ငံတော် ဘုရားသခင် ကိန်းဝပ်ရာ တဲတော်ကို တည်ဆောက် ပြီးစီးကြောင်း ဖေါ်ပြထားသည်။ ယခုဖြစ်ရပ် သည် ရန်သူ အာမလက် ဇာတိငါကို အနိုင် ယူပြီး မှ ဖော်ပြ ထားခြင်း ဖြစ်သည်။ ဘုရားသခင် ရန်သူ ဇာတိ ငါ ကို အနိုင်ယူ ပြီးပြီးချင်း ဘုရားသခင် အုပ်စိုးသော နိုင်ငံတော် ချက်ချင်း ပေါ်ထွက်လာတော့သည်။ ဂလာ ၁၇ -၂၅  ခရစ်တော် ခန္ဓာကိုယ် ဖြစ်သော အသင်းတော်လည်း တည်ဆောက်ခြင်း ရှိလာသည်။ ၃ရာ
ဘုရားသခင် အသင်းတော် ကို တည်ဆောက်ခြင်း နှင့် ဘုရားသခင် နိုင်ငံတော် ကို ဇာတိငါ အကောင်း အဆိုး ရှိသမျှကို လုံးလုံး ဖယ်ရှား စွန့်လွတ် လိုက် မှ နားလည် သဘောပေါက် နိုင် မည်။ ဖိ -၁ဝ ရှောလုသည်  ဘုရင် ၏ ရာထူး ဘွဲ့ ဆုံးရှုံး ရခြင်းသည် ၁ရာ ၊ ၁၅ ရှင်းရှင်း ဖျက်ဆီး သင့်သော  အာမလက် လူမျိုး ဇာတိ ငါ ကို  မသုတ်သင် မဖျက်ဆီး ဘဲ အကောင်းဆုံး အရာတို့ကို နှမြော ချန်ထား သောကြောင့် ဖြစ်သည်
                                                                                                                                                      ယောရှု
                                                                                                                                          

0 Reply to "The Amalekites Defeated"

  • Post a Comment