ဘုရားသခင် ၏
အလိုတော်ကို ဘယ်လို သိနိုင်မလဲ
အမှာစာ
ဘုရားသခင် ၏ အလိုတော် စာအုပ်
သည် အရေးအကြီးဆုံး ၊ အလိုအပ်ဆုံး နှင့် အထောက်အကူ ၊ အကျိုးအမြတ် အပြုဆုံး စာအုပ်
ဖြစ်သည်။ အပျင်းဖြေ ဖတ်ဖို့ မဟုတ်ပါ။ သိရုံ သက်သက် မဟုတ်ပါ။ ဘုရားသခင် ၏ အလိုတော်
နှင့် ရည်ရွယ်ချက် သည် သင့် အသက်တာ ၌ ဖြစ် ဖို့ ၊ ရှိ နေ ဖို့ ဘုရားသခင် ပြောကြား
နေခြင်း ဖြစ်သည်။
ဘုရားသခင် ၏ ရည်ရွယ်ချက် ကို
ဘုရား က ပဲ ဖြစ်စေ တယ်။
ဘုရားသခင် ၏ အလိုတော် ကို
ဘုရား က ပဲ ဖြစ်စေ နိုင်တယ်။
ဘုရားသခင် ၏ ကတိ ကို ဘုရား က
ပဲ လုပ်ပေး တယ်။
လူ ကျင့်ကြံ ကြိုးစား လို့ မဖြစ်နိုင် တာတွေ ကို
ဘုရားသခင် လုပ်ပေးခြင်း ဟာ ကျေးဇူးတော် ကြောင့် ဖြစ်တာ လို့ ခေါ်တယ်။
ယာဝေ ဘုရားသခင် ၏ မေတ္တာ နှင့် စေတနာ သည် သူ ၌
ရှိသော အရည်အချင်း နှင့် နိုင်ငံတော် ကို လူ အား အမွေ ပေး ချင်သည်။
ခရစ်တော် ၌ ၊ ခရစ်တော် အားဖြင့် ပေးပြီးပြီ။
ဘုရားသခင် ပေးသည့် အမွေ မှာ ထာဝရ တည် သည့်
ဘဏ္ဍာများ ဖြစ်သည်။ ထာဝရကာလ ၌ အသက်ရှင် သည့် အခါ ခံစားရမည့် အရိုက်အရာ ၊ ရာထူးအဆင့်
၊ ပညာ ၊ ဘုန်းတန်ခိုး ၊ အစွမ်း ၊ သန့်ရှင်းခြင်း ၊ ချစ်ခြင်း ၊ ဖြောင့်မတ်ခြင်း ၊
စေတနာ စိတ်သဘောထားများ ကို ယခု မိမိ အသက်ရှင်ချိန် မှာ ဖြည့်ပေး နေပြီ။ ဘယ်လို ဖြည့်ပေး
နေသည် ကို နှုတ်ကပတ်တော် နှင့် ၀ိညာဉ်တော် အားဖြင့် ဖွင့်ပြ ပဲ့ပြင် နေသည်။
ရှာ သော သူ သည် တွေ့ ၏။
ဤ ကမ္ဘာ လောက သည် ဘုရားသခင် ၏
ကျောင်းတော်ကြီး ဖြစ်သည်။ လူ သည် တစ် ဘ၀ သာ အသက်ရှင် ခွင့် ရ သည်။ ယခု ဘဝ
အသက်ရှင်ချိန် မှာ ဘုရားသခင် ထံ မှ အမွေ နှင့် အရည်အချင်းများ ကို ခံယူ ဆည်းပူး
နေချိန် ဖြစ်သည်။
နားထောင် သာ သူ သည် ကြား ၏။
၂
နိုင်ငံ
လွန်ခဲ့တဲ့
နှစ်သန်းပေါင်း များစွာက - ကောင်းကင် ဝိညာဉ်နိုင်ငံ နှင့် မြေကြီး ရုပ်နိုင်ငံ ကို
ဘုရားသခင် ဖန်ဆင်းခဲ့သည်။ စုံလင် ကောင်းမြတ်သော ယာဝေ ထာဝရဘုရား ဖန်ဆင်း
ထားခြင်းကြောင့် ၂ နိုင်ငံ စလုံး စုံလင်ပြီး ကောင်းမြတ်သည်၊ သက်ရှိ သီးပင်၊ သစ်ပင်
နှင့် သတ္တဝါမျိုးစုံ ရှိသည်။
ပျက်စီးသွား သော ကမ္ဘာဟောင်း
တစ်နေ့
ကောင်းကင် နိုင်ငံ ၌ နတ်မင်းကြီး လူစီဖာ ဦးဆောင်လျက် ကောင်းကင်တမန် နတ်
သုံးစုတစ်စု က ဘုရားသခင် ကို ပုန်ကန်ခြင်းကြောင့် ကောင်းကင် မှ နှင်ထုတ် ခံ ရ ကြ
လျက် နတ်ဆိုး ဘဝသို့ ကျရှုံး ခဲ့ကြသည်။ ကောင်းကင်တမန် တို့သည် ဘုရား ကို
မပုန်ကန်ခင် အစက နတ်ကောင်းများ ဖြစ်ကြသည်။
အစအဦး
၌ စုံလင် ကောင်းမွန်သော ကမ္ဘာကြီးသည် အဖျက်သမား နတ်ဆိုး ကြောင့် သေခြင်း၊ အမှောင်
နှင့် ရေ ဖုံးလွမ်း သည့် သက်မဲ့ ကမ္ဘာ ဖြစ် သွားသည်။ နတ်ဆိုး တို့သည် - လိမ်လည်၊
လှည့်စား၊ ခိုးယူ၊ လုယက်၊ ဖျက်စီး၊ သတ်ဖြတ်သည့် ဝိဇ္ဇာ ဖြစ် သည်။ ဘုရား နေရာ ကို
တပ်မက် လိုချင် ကြသည်၊ အထင်ကြီး ခံ၊ ချီးမွမ်း ခံ၊ ကိုးကွယ် ခံ လိုကြသည်။
ပြန် ဖန်ဆင်း သော ကမ္ဘာသစ်
သက်မဲ့
ကမ္ဘာ ကို လွန်ခဲ့သော နှစ် ၆၀၀၀ က အသစ် ပြန်လည် ဖန်ဆင်းခြင်း ဖြင့် ယခု
ကျွန်ုပ်တို့ နေသော သာယာ လှပ ကောင်းမွန် သည့် ကမ္ဘာသစ် ဖြစ် လာ သည်။ လူ ကို
ဘုရားသခင် ၏ အဖြစ်တော်၊ သဏ္ဌာန်တော် နှင့် အညီ ဖန်ဆင်း ထားခြင်း ကြောင့် ကမ္ဘာတွင်
လူသည်
-
ဘုန်းတန်ခိုး
အကြီးဆုံး
အဆင့် အမြင့်ဆုံး
မြင့်မြတ်
ကောင်းမွန်ဆုံး
ညဏ်ပညာ
အရှိဆုံး
ထက်မြတ်ဆုံး
လွတ်လပ်ဆုံး
ဖြစ်သည်။
လူသည်
ဘုရား ကို ကိုယ်စား ပြု လျက် ဤ ကမ္ဘာ ကို ----- အုပ်စိုး ဖို့၊ နိုင်
ဖို့၊ ပိုင် ဖို့ ဘုရားသခင် ရည်ရွယ် အလို ရှိ သည်။ ထို့ကြောင့် လူ ကို ကမ
္ဘာမြေ ပေါ်တွင် - king
= မင်း
lord = အရှင်သခင်
god = ဘုရား
commander
= လေ၊ မြေ၊ ရေထဲ ရှိ အရာခပ်သိမ်း ကို စီမံ ကွပ်ကဲ ရေးမှူးချုပ် အဖြစ်
ဘုရားသခင် ခန့် ခဲ့ သည်။
နစ္စထာဝရ ကို သာ တောင်းတ သော လူ ၏ ဝိညာဉ်
လူ ၏ ဝိညာဉ်သည်
နာမ်ဝိညာဉ် ဘုရား ထံ မှ မူလ အရင်းအမြစ် တည်ပြီး၊ ဖန်ဆင်းရှင် မှ
ဖြစ်ဖွား လာခြင်း ကြောင့် ဘုရား ထံ ပြန် သွား ရ မည်။ လူ ၏ ဝိညာဉ် ကို နိစ္စ ထာဝရ
ပေါ်သာ ဦးတည် စွဲလမ်း စေအောင် ----- အနာဂတ် ----- အထက် ----- စစ်မှန် သန့်ရှင်းသည့်
အရာများ ----- ၌ တောင့်တ၊ ဆာငတ်ဖို့ စူးစမ်း၊ သိမြင်၊ ခံစားနိုင်သော ဝိညာဉ်
အာရုံ spiritual sensors ခုနှစ်ပါး
ထည့်ပေးထားသည်။
+ နာမ်ဝိညာဉ်
ဘုရားနှင့် commune ဆက်သွယ် သဟာယဖွဲ့ နိုင်၊
+ ဘုရားသခင်
ပြောသံ ကို intuition အလိုလို ကြားသိ နိုင်၊
+ ဘုရား
ကို ယုံကြည် သဘောတူ နိုင်
+ ဘုရား
ကို တို့ထိ ခံစား နိုင်
+ ဘုရားသခင်
ကို မိမိ ဝိညာဉ် ထဲ လက်ခံ ထား နိုင်
+ ဘုရား
ကို စား၊ သောက်၊ မွေ့လျော် နိုင်
+ ဘုရားသခင်
၏ ဝိညာဉ် နှင့် ပေါင်းဖက် လျက် တစ်ဝိညာဉ် တည်း ဖြစ် နိုင်
+ ဘုရားသခင်
၏ ဂုဏ်ရည်၊ အရည်အချင်းများ၊ စာရိတ္တ၊ ဘုန်းတန်ခိုးများ ကို သန့်ရှင်းသောဝိညာဉ်တော်
ဖြည့်ပေးခြင်း ကို ခံယူ နိုင် receiver သော အာရုံ ရှိ သည်။ ဆာလံ၊၁၃၂၊ ၈၆၄။ ၁ရာ၊၁၈၁။
၂ ရာ၊၅၈။ ကော၊၂၆။ ဟေရှာ၊၆၁၁၀။ ယောဘ၊ ၆၇၊
၇၁၅။ ၅ရာ၊၂၂၁၉။ ယော၊၄၁၀,၂၄။ ရော၊၈၁၆၊
၉၂၁,၂၃။
ဘုရားသခင် ၏ ကောင်းမြတ်ခြင်း ကို တိုး သိ လေ ---
ဘုရားသခင် ကို ပို ဆာငတ် သိ ချင် လေ ပဲ
ဘုရားသခင် ၏ ချစ်ခြင်း ကို ခံစား ရလေ ---
ဘုရားသခင် ထံ ပို ချဉ်းကပ် ချင် လေ ပဲ
ဘုရားသခင် နဲ့ ရင်းနှီးလေ --- လောက ရဲ့
ချည်နှောင်မှု့ မှ လွတ်မြောက် လေ ပဲ
ဘုရားသခင် နှင့် အတူ လျှောက်လှမ်းလေ ---
ပျော်ရွှင်ခြင်း တိုး လေ ပဲ
ဘုရားသခင် နှင့် မွေ့လျော်လေ --- ငြိမ်ဝပ်ခြင်း
ရှိလေပဲ
ဘုရားသခင် ကို စေ့စေ့ အာရုံပြုလေ --- မိမိ
ကိုယ်ကို မေ့ပျောက် လေ ပဲ
သူတပါးပေါ် စေတနာ သဒ္ဒါ ကြည်ဖြူလေ --- မိမိ ၏
ဝန်ထုပ် ရှင်းသွား လေ ပဲ
ဘုရားသခင် နှင့် များများ ဆွေးနွေး
တိုင်ပင်လေ--ဝိညာဉ်တော် ၏ သွန်သင် ပဲ့ပြင်ခြင်း ခံရ လေ ပဲ
ဘုရားသခင် ကို ဦးစားပေး တတ်လေ --- သံသရာ
ဝဋ်ဆင်းရဲ မှ လွတ် လေ
လူ ၏ ကျရှုံးခြင်း
လူ မိန်းမ ဧဝ သည် နတ်ဆိုး စကား ကို နားထောင်ခြင်း
ကြောင့် လူထဲ နတ်ဆိုး ဝင် ပေါက် ရ ကာ၊ အပြစ် နှင့် သေခြင်း ဝင်သွားသည်။ ထိုမှ စ
ပြီး အာဒံ မှ မွေး လာ သူ တိုင်း အပြစ်တရား နှင့် သေခြင်းတရား
ဗီဇဖြင့် မွေးလာကြလျက် --- အပြစ် ၏ ကျွန်၊ အလုပ် ၏ ကျွန်၊ နတ်ဆိုး ၏ ကျွန်၊ လူ ၏
ကျွန်၊ ငွေ ၏ ကျွန်၊ ကိလေသာ ၏ ကျွန်၊ အဖွဲ့အစည်း ၏ ကျွန်၊ တရား ၏ ကျွန်၊ ဝါဒ ၏
ကျွန်--- ၏ ချည်နှောင်ခြင်း ခံရသည့် ဘဝသို့ ကျရှုံး သွားကြသည်
လူသား တိုင်း အပြစ် လုပ် ဖို့
မရည်ရွယ်ဘဲ အပြစ် ကျူးလွန် နေကြသည်။ အလုပ် လုပ် ရင်း အလုပ် ၏ ကျွန် ဖြစ်မှန်း မသိ
ဖြစ် နေ ကြ သည်။ ငွေ ရှာရင်း ငွေ ၏ ကျွန် ဖြစ်မှန်း မသိ ဖြစ် နေ ကြ သည်။ အပျော်
လိုက်ရင်း အပျော်မယ် အပျော်မောင် ဖြစ်မှန်း မသိ ဖြစ် နေ ကြ သည်။ ကိလေသာ
လိုက်စားရင်း ကိလေသာ ၏ ကျွန် ဖြစ်မှန်း မသိ ဖြစ် နေ ကြ သည်။ သြဝါဒ တရား ကို
ယုံကြည် ဆုပ်ကိုင်ရင်း တရား ၏ ချည်နှောင်ခြင်း ခံရမှန်း မသိ ခံ နေ ကြ ရ သည်။
The things you hold, hold you.
ဆန်ဖလန်စ္စကို သိပ္ပံ
ပြခန်း တွင် မျက်စိ ကန်း သော ငါးကလေး အကြောင်း ရေးပြီး ပြထားသည်။ ငါး ကလေး အားလုံး
ပေါက်ဖွား လာ စ က မျက်စိ ကောင်း ကြ သည်၊ မြင် နိုင် ကြ သည်၊ အချို့ ငါး ကလေး များ
က ငါးကြီး ကိုက်စားမှာ စိုးရိမ်ပြီး မှောင်မိုက်ထဲ ပုန်းလျှိုး လျက်
လုံခြုံမှု ရှာ ကြသည်။ ရန်သူ မမြင်အောင် ထိုသို့ ပုန်းလျှိုးရင်း နှစ်၊ လ
ကြာသွားသည့် အခါ သူတို့ ၏ မျက်စိ ကန်းသွားပြီး - ရန်သူ ငါးကြီး ကို
သူတို့ မမြင်ရ တော့ချေ။
အိန္ဒိယပြည် တွင်လည်း သူတော်စင် ဖြစ်ဖို့
တရားကျင့်သော ဆာဒူး တို့သည် စုံစမ်း သွေးဆောင်မှု များသော အလင်း၊ နှင့် ဥစ္စာ
စည်းစိမ် လူများသော မြို့ရွာတို့ကို စွန့်လွှတ် ရှောင်ခွာလျက် တောထဲ၊ ဂူထဲ ပုန်းအောင်းကာ
- တရား ကျင့်ကြံ ကြိုးစားရင်း မျက်စိ ကန်း သွား ကြ ခြင်း ဖြစ်သည်။
Visible things are the example of the
invisible things.
မျက်စိ ဖြင့် မြင်ရသော အဖြစ်အပျက်
တို့သည် မမြင်နိုင် သော ဝိညာဉ်အရာ ၏ နမူနာ ဖြစ်သည်။
ရုပ်နိုင်ငံ
၌ ဖြစ်ပျက်သော အရာအတိုင်း ဝိညာဉ်နိုင်ငံ ၌ ဝိညာဉ်ရေး တွင် ကျွန်ုပ်တို့ ၏
ဝိညာဉ်မှာ ကြုံတွေ့ခံစား နေ ကြ သည်။ မှား မှာ စိုးရိမ် လို့ အခြားလူ ဟောပြော တာ
ကို မလေ့လာ ရဲ နားမထောင် ရဲ ခြင်းကြောင့် ဝိညာဉ်အလင်း မရဘဲ ကန်းနေသော ခရစ်ယာန် များစွာ
ရှိနေသည်။
လူ
သည် နာမ်ဝိညာဉ် နှင့် ရုပ်ခန္ဓာ ၂ မျိုး ရှိခြင်းကြောင့် --- နာမ်သက်
နှင့် ရုပ်သက်၊ လောကုတ္တရာ နှင့် လောကီ၊ နောင်ဘဝ နှင့် ယခုဘဝ အတွက် နေ့စဉ် သင်္ခဏ်းစာ
၂ မျိုး၊ ပညာ ၂ မျိုး၊ ရှာ နေဖို့ လိုသည်။
လူ
သည် တိရိစ္ဆာန် ကဲ့သို့ ရုပ်သက် သေပြီး ရင် ပြီး မသွားပါ။
လူ သည် တိရိစ္ဆာန် လို စား၊ သောက်၊ ပျော်ပါး၊
မွေးဖွား၊ သေဆုံးလျှင် လူဖြစ်ကျိုး မနပ်ပါ၊ လူ မပီသ တော့ပါ။
ဘုရားသခင်သည်
လူ ကို ဝိညာဉ် နှင့် ရုပ်၊ ၂ နိုင်ငံ မှာ နေဖို့၊ nature ပကတိ ၂ မျိုး၊ ၂ သက်
နာမ်သက် နှင့် ရုပ်သက် ပေး ထား သည်။ ကျွန်ုပ်တို့ လူသား အားလုံး အဝိဇ္ဇာ အမှောင်ထဲ
မွေးလာကာ သံသရာ ဝဋ်ဆင်းရဲ ထဲ တဝဲလည်လည် ဖြစ် နေ ကြ သည် ကို သတိ ပြု ပါ။ထို့ကြောင့်
ဘုရားသခင် ၏ ဖွင့်ပြ လမ်းညွှန်ခြင်း ခံယူဖို့ လိုအပ် သည်။
လွဲမှား နေ သော လောက
နေ့စဉ်
လူသား အားလုံး တို့သည် တခုခု ကို ရှာစမ်း နေကြသည်။ လူတစ်ချို့က ပျော်ရွှင်မှု ရှာ
ကြသည်၊ လူတစ်ချို့ ပညာ ရှာ ကြသည်။ လူတစ်ချို့ ငွေကြေး ဥစ္စာ ရှာ ကြသည်၊ လူတစ်ချို့
ချစ်ခြင်း ရှာ ကြသည်၊ လူတစ်ချို့ ငြိမ်သက်ခြင်း ရှာ ကြသည်၊ လူတစ်ချို့ ဂုဏ်သရေ
ရှာကြံ ကြသည်၊ လူတစ်ချို့ ချစ်ခံဖို့
ရှာကြံ ကြသည်၊ လူတစ်ချို့ ချီးမွမ်းခံ ဖို့ ရှာကြံ ကြသည်၊ လူတစ်ချို့
ကြည်ညို ခံဖို့ ရှာကြံ ကြသည်၊ လူတစ်ချို့ ကိုးကွယ်ခံ ဖို့ ရှာကြံ ကြသည်၊
လူတစ်ချို့ ကျော်ကြားဖို့ ရှာကြံ ကြသည်၊ လူတစ်ချို့ တရား ရှာ ကြသည်၊ လူတစ်ချို့
ဘုရား ရှာ ကြသည်၊ လူတစ်ချို့ ကိုးကွယ်ရာ ရှာကြသည်၊ ------- ရှာရင်း -------
ရှာရင်း ------- ကြေနပ်မှု မရ ခင် မှာ ------- လူ သေဆုံး သွားကြသည်။
လူ
သည် တစ်သက် တာ ရှင် ရမည်။
လူ့
အသက် သည် အလွန်တို --- လွန်းသည်။
လူ့
အသက် သည် မရေရာ ပါ။ အချိန် မရွေး သေဆုံး သွားနိုင်သည်။
ထို့ကြောင့်
အကုန်
အစုံ ရှာ ဖို့ အချိန် မလုံလောက်ပါ။
လူ့
နည်း၊ လူ့ အထင် နှင့် ရှာ မဆုံး နိုင်ပါ။ အစစ်အမှန် ကို ရှာ မတွေ့ခင် သေဆုံး
သွားနိုင်သည်။
ထို့ကြောင့်
ဘုရားသခင် ၏ နည်း၊ ဘုရားသခင် ၏ လမ်းညွှန် ပဲ့ပြင်မှု
ဖြင့် သာ အစစ်အမှန် ကို အချိန်တိုတို အတွင်း အတိအကျ ရှာ တွေ့ နိုင်ခြင်းကြောင့်
ဘုရားသခင် ၏ အလိုတော် ကို ဘယ်လို သိနိုင် မလဲ ?
နှင့်
လူ အတွက် ဘုရားသခင် ၏ ရည်ရွယ်ချက် လမ်းညွှန်စာအုပ်
များ ကို ရှာဖွေ လေ့လာ ဖတ်ရှု သင့်သည်။
လူ
သည် လောက ၏ ပျော်ရွှင်မှုများ၊ ငွေကြေး ဥစ္စာများ၊ ပညာ၊ ဘွဲ့တံဆိပ်များ၊ ဂုဏ်သရေ၊
ချစ်သူများ ------- နှင့် စကြာဝဋ္ဌာ တစ်ခုလုံး ကို အပိုင် ရ ယူနိုင် ဦးတော့ - လူ
ကို ကျေနပ်ခြင်း မပေးနိုင်ပါ။ လောကတွင် နေစဉ် အတွင်း စုဆောင်း သမျှ ကို လူ သေ
လျှင် ယူ မသွား နိုင်ပါ။ လူ ရှာဖွေ ရယူသော ပညာ၊ စည်းစိမ် ချမ်းသာ က လူ ကို
အပါယ်ငရဲ မှ မရွေးနုတ် နိုင်ပါ၊ လူ ၏ ချို့ယွင်းချက် နှင့် အပြစ် ပြဿနာ ကို
မဖြေရှင်း နိုင်ပါ၊ လောက စည်းစိမ် ချမ်းသာ က လူ ကို မကယ်နိုင်၊ သံသရာ ဝဋ်ဆင်းရဲ မှ
မလွတ်မြောက် စေနိုင်ကြောင်း လူသည် မသိမမြင်၊ သံဝေဂ မရမချင်း၊ မိမိ ကို ချစ်သနား
သော ကယ်တင်ရှင် ဘုရား ကို ရှာ မတွေ့နိုင်ပါ။
သန့်ရှင်း စစ်မှန် သော ဘုရား
ဖန်ဆင်းရှင်
ယာဝေ ထာဝရဘုရားသည် အနဂ္ဃ ဖြစ်သည်၊ အစ မရှိ၊ အဆုံး မရှိပါ။ အနန္တ ဖြစ်သည်၊
ဘုရားသခင် ၏ ညဏ်တော်၊ မေတ္တာတော်၊ တန်ခိုးတော် ကို တိုင်းတာ နှိုင်းဆ ၍ မရ နိုင်ပါ၊
မြင့်မြတ် ကြီးမားခြင်းကြောင့် လူ့အသိ ဖြင့် စဉ်းစား ကြံစည်ပြီး ကန့်သတ်
ဘောင်ခတ် သူ တို့ သည် မိမိကိုယ်ကို သာမက သားစဉ် မြေးဆက် အမင်္ဂလာ ကျ ရောက် စေ
သည် ကို သတိ ပြု ပါ။
ယာဝေ
ထာဝရဘုရားသည် သန့်ရှင်တော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏။ ဖြောင့်မတ်သည်၊
သစ္စာရှိသည်၊ တရားသည့် တရားမင်း ဖြစ်သည်။ ထို့ကြောင့် ဘုရား ၏ ဂုဏ်ရည် နှင့် မညီတာ
ကို လူ က ဘုရား ကို ယုံကြည်လျက် ဆုတောင်း စေခိုင်းတိုင်း လုပ်ပေးမည့် ဘုရား မျိုး
မဟုတ်ပါ။
ထာဝရဘုရားသည်
ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ ချစ်သနား တတ်သည်၊ လူသား အားလုံး ကို ချစ်သနားသည်၊
ကျေးဇူးပြု တတ်သည်၊ ကောင်းမြတ်သည်၊ လူ ကို ကောင်းစေ ချင်သည်၊ လူ ကို ကောင်းစေ သည့်
အဖဘရား ဖြစ်သည်။
ဘုရားသခင်
၏ အလိုတော် မှာ -
၁. လူ ကို ဘုရား နှင့် ရင်းနှီး ကျွမ်းဝင် တော်စပ်
စေချင်တယ်
၂. ဘုရားသခင် ၏ ဂုဏ်ရည်၊ ဘုန်းတန်ခိုး၊ ပလ္လင်
နှင့် နိုင်ငံတော် ကို အမွေရ စေချင်တယ်
၃. ဘုရားသခင် နှင့် ထာဝရ အသက်ရှင်ပြီး
၎. ဘုရားသခင် နှင့် အတူ တွဲဖက် ထာဝရ စိုးစံ
စေချင်တယ်
၅. သားတော် ယေရှုခရစ် အတိုင်း = godman လူ
လည်း ဖြစ်၊ ဘုရား လည်း ဖြစ်၊ ယေရှုခရစ် နှင့် ထပ်တူထပ်မျှ
ဖြစ်စေချင်တယ်
ဘုရားသခင်
၏ အလိုတော် ဆိုသည်မှာ
ဘုရားသခင် ၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊
ချစ်ခြင်း၊ သနားခြင်း၊ ကောင်းမြတ်ခြင်း၊ တရားခြင်း၊ ကြီးမြတ်ခြင်း ၊ ------- ကတိသစ္စာ
နှင့် အညီ -
လူ သည် ဘုရားသခင် စဉ်းစား သလို စဉ်းစား
ဘုရားသခင် ခံစား သလို ခံစား
ဘုရားသခင် ကြည့် သလို ကြည့်
ဘုရားသခင် မြင် သလို မြင်
ဘုရား ပြောစကား အတိုင်း နှုတ်မြွက် ဝန်ခံ
ဘုရားသခင် စိတ်စေတနာ ရှိ သည့် အတိုင်း
စေတနာ သဒ္ဒါကြည်ဖြူ လျက်
ဘုရားသခင် အလို ရှိ သည့် အတိုင်း အလို
ရှိ လျှင်
ဘုရား ရည်ရွယ်သည့် အတိုင်း မိမိ အသက်တာ ၌
ဖြစ် လာ မည်။
လူ့ အလို
ဘုရားသခင် ၏ အတွေး နှင့် လူ့ အတွေး
ဘုရားသခင် ၏ နည်း နှင့် လူ့ နည်း
ဘုရားသခင်
၏ အလို နှင့် လူ့ အလိုသည် ကောင်းကင် နှင့် မြေကြီး ကွာဝေးသလောက် ကွာလှမ်း
ဆန့်ကျင်နေသည် ကို သတိပြုပါ။
ဘုရားသခင် ၏ အလိုတော် ကို ဘယ်လို သိနိုင် မလဲ
?
မေး
- ဘုရားသခင် ၏ အလိုတော် ကို လူ သိနိုင် ပါ့ မလား ?
ဖြေ
- သိနိုင် ပါတယ်
မေး
- ဘုရားသခင် ၏ အလိုတော် ကို လူ သိ ဖို့ လွယ် လား ?
ဖြေ
- လွယ် ပါတယ်
မေး
- ဘာ့ကြောင့် သိ လွယ် သလဲ ?
ဖြေ
- ဘုရားသခင် သည် အစအဦး ပြု သူ ဖြစ်သည်။
God
is the initiator
ထာဝရဘုရား က ကျွန်ုပ် တို့ကို အရင်ဦးဆုံး ရှာ
သူ ဖြစ်သည်။
ထာဝရဘုရား က ကျွန်ုပ် တို့ကို အရင်ဦးဆုံး သိမြင်
သူ ဖြစ်သည်။
ထာဝရဘုရား က ကျွန်ုပ် တို့ကို အရင်ဦးဆုံး ချစ်သနား
သူ ဖြစ်သည်။
ထာဝရဘုရား က ကျွန်ုပ် တို့ကို အရင်ဦးဆုံး ခွင့်လွတ်
သူ ဖြစ်သည်။
ထာဝရဘုရား က ကျွန်ုပ် တို့ကို အရင်ဦးဆုံး ရွေး
သူ ဖြစ်သည်။
ထာဝရဘုရား က ကျွန်ုပ် တို့ကို အရင်ဦးဆုံး ခေါ်
သည်။
ထာဝရဘုရား က ကျွန်ုပ် တို့ကို အရင်ဦးဆုံး ဆက်သွယ်
သည်။
ထာဝရဘုရား က ကျွန်ုပ် တို့ကို အရင်ဦးဆုံး စကား
ပြော သည်။
ထာဝရဘုရား က ကျွန်ုပ် တို့ကို အရင်ဦးဆုံး ပေး
သည်။
ထာဝရဘုရား က ကျွန်ုပ် တို့ကို အရင်ဦးဆုံး လက်ခံ
သည်။
ထာဝရဘုရား က ကျွန်ုပ် တို့ မခေါ်ခင် က ပင် အရင်
အဖြေ ပေး ပြီ၊ ထူးပြီ။
GOD
IS EVERYWHERE
နာမ်ဝိညာဉ် ဘုရားသည် နေရာတကာ ၌ ရှိသည်။
ကျွန်ုပ်တို့
ရှူ နေ သော လေ သည် နေရာတကာ မှာ ရှိ သည့် အတိုင်း ကျွန်ုပ်တို့ အထက်၊ ရှေ့၊ နောက်၊
ဘေး၊ ပတ်လည်၊ --- နှုတ်ခမ်းဖျား မှာ ထာဝရဘုရား ၏ ဝိညာဉ်တော် ရှိ နေသည်။
“
ကယ်တင်ရှင် --- ယေရှု ဘုရား -------
ကိုယ်တော် နှင့် ရင်းနှီးပြီး၊ ကိုယ်တော် ရဲ့
ချစ်ခြင်း ကို ကျွန်ုပ် ခံစား ချင် ပါတယ် --- ဘုရား”
လို့ သင်ပြောပါ --- ခေါ်ပါ။
အသက်ရှင်သော
ဘုရား ကို
သင်
ခေါ် ရင် ထူး မယ်
သင်
မေး ရင် ဖြေ မယ်
သင်
ရှာ ရင် တွေ့ ခံ မယ်
နားထောင်
သော သူ ကြား မယ်
ကြည့်
သော သူ မြင် မယ်
လက်ခံ
သော သူ ရ မယ်
စိတ်နှစ်လုံး
တံခါး ဖွင့် သော သူ ထဲ ယေရှုခရစ် ကြွဝင် မယ်
သတိ
အရာ မျိုးစုံ၊ နည်းလမ်း
စုံ၊ ဘက် ပေါင်းစုံ ------- မှ ဘုရားသခင် ၏ ချစ်ခြင်း၊ ကောင်းမြတ်ခြင်း၊
တို့ထိခြင်း၊ ကျေးဇူးပြုခြင်း၊ ဖြေကြားခြင်း ------- ခံစား ရမည် ကို သတိ ပြု ပါ။
၁. ဘုရားသခင်
ဖန်ဆင်း ထား သည့် သီးပင်၊ စားပင်များ၊ သတ္တဝါများ၊ စနစ်တကျ လှည့်ပတ် သွားလာ နေသော
ဂြိုလ် နက္ခများ ကို စေ့စေ့ ကြည့် လျှင် ဖန်ဆင်းရှင် ဘုရား ၏ ကြီးမားသော ညဏ်တော်၊
တန်ခိုးတော် နှင့် ကျေးဇူးပြုခြင်း ကို သိမြင် ခံစား နိုင်သည်။
၂. ဘုရားသခင်
ကို သိကျွမ်း ရင်းနှီးသူများ နှင့် ပေါင်းဖော်ခြင်း အားဖြင့် လည်း မမြင် ရ သော
ဘုရားသခင် ၏ ချစ်ခြင်း၊ ကောင်းမြတ်ခြင်း၊ ကျေးဇူးပြုခြင်း၊ ဖြေကြားခြင်း များ ကို
တွေ့မြင် ခံစား နိုင်သည်။
၃. ဘုရားသခင်
ကိုယ်တိုင် ရေးသားသည့် သမ္မာကျမ်း နှင့် ဝိညာဉ် အလင်း ပညာရှိ သူများ ရေးသား
သက်သေခံ သည့် စာများ ကို ဖတ်ရှု လေ့လာခြင်းဖြင့် ဘုရားသခင် ၏ လုပ်ဆောင်မှု့များ၊
ကျေးဇူးပြုခြင်းများ နှင့် ဘုရားသခင် ၏ အလိုတော် ကို သိနိုင် သည်။
ဘုရားသခင် ၏ ကျေးဇူးပြုခြင်း ကို ဘယ် နည်း
နဲ့ ခံစားနိုင် မလဲ
၁. ဘုရားသခင်သည်
အကျွန်ုပ် တို့ အား
ထာဝရ အသက် ပေး သည်။
ထို ထာဝရ
အသက် ကို ယေရှုခရစ် ၏ ဝိညာဉ် ထဲ ထည့်ပြီး ပေးသည်။
ယေရှုခရစ်
၏ ဝိညာဉ် ကို လက်ခံ ရရှိ သူ ထာဝရ အသက် ကို ရ သည်။ ယေရှုခရစ် ၏ ဝိညာဉ် ကို မရ
သူ သည် အသက် ကို မရ။ ဘုရားသခင် ပေးသည့် ထာဝရ အသက် လက်ဆောင် ထုပ် ကို
လက်ခံခြင်း ဘုရားသခင် ၏ ကျေးဇူးပြုခြင်း ကို ခံစား နိုင်သည်။ ၁ယော၊
၅၁၁-၁၃
၂. ဘုရားသခင်
၏ ရည်ရွယ်ချက် နှင့် အလိုတော် ကို သိ သော သန့်ရှင်းသော ဝိညာဉ်တော် အား လူ ထံ သို့
ဘုရားသခင် စေလွှတ် လျက် ဖွင့်ပြ သွန်သင် ပဲ့ပြင် သည်။
ဝိညာဉ်တော်
၏ သွန်သင် ပဲ့ပြင်ခြင်း ခံ သော သူ သာ ဝိညာဉ် အရာ အလုံးစုံ နှင့်
ထာဝရဘုရား ၏ စိတ်တော် ကို ပိုင်းခြား သိ နိုင် သည်။ ၁ကော၊ ၂ ၉-၁၅
၃. ဘုရားသခင်
၏ အလိုတော်သို့ နာခံ လိုက်လျှောက် ဖို့ ဆုံးဖြတ် ပြီး သူ သာ ဘုရားသခင် ၏ စကား
ဟုတ်၊ မဟုတ် ပိုင်းခြား သိနိုင် သည်။ ယော၊ ၇၁၇
၎. ထာဝရဘုရား
၏ စုံလင် သော စေတနာ စိတ်တော် နှင့် ညီ သူ ကို စွမ်းရည် နှင့် ဖြည့် ဖို့ ကိုယ်တော်
၏ မျက်စိ သည် ကမ္ဘာ တဝှမ်း အပြန်ပြန် အနှံ့အပြား ကြည့်ရှု တော်မူ၏။ ၆ရာ၊၁၆ ၉
ဘုရားသခင် နှမြော တဲ့ လူ ရဲ့ ဝိညာဉ် ကို နှမြော
ဘုရားသခင် ထိခိုက် ကြေကွဲ တဲ့ လူ ရဲ့ ဝိညာဉ်
ဆုံးရှုံးခြင်း အတွက် ကြေကွဲ
ဘုရားသခင် လိုချင် တဲ့ လူ ရဲ့ ဝိညာဉ် ကယ်တင်ခြင်း
ရ ဖို့
ဘုရားသခင် ချစ်သော လူသားများ ကို ချစ်
ဘုရားသခင် သနားသော လူသား တိုင်း ကို သနား
ဘုရားသခင် စဉ်းစား သလို စဉ်းစား
ဘုရားသခင် ခံစား ရ သလို ခံစား
ဘုရားသခင် မြင် သလို မြင်
ဘုရားသခင် ရည်ရွယ် သလို ရည်ရွယ် သူ သည် ဘုရားသခင်
၏ စိတ်စေတနာ နှင့် တပြေးတည်း၊ တစ်ထပ်တည်း၊ တစ်လုံးတစ်ဝတည်း ဖြစ်သည့် အတွက် ဘုရားသခင် ၏ အရည်အချင်း
ကို ဖြည့်ပေးသည်။
၅. တွေ့ကြုံ သည့် လူ၊ အရာ၊ နှင့် အဖြစ်အပျက်
အားဖြင့် ခံစား နိုင်ပြီ။
အဓိပ္ပါယ်
မဲ့၊ အကျိုး မဲ့ သော လူ နှင့် အရာ မရှိပါ။
လူတိုင်း၊
အရာရာတိုင်း အဓိပ္ပါယ် ရှိသည်၊ အကျိုး ရှိသည်၊ ဘုရားသခင် ၏ ရည်ရွယ်ချက် ရှိသည်။ ကောင်း
ဖို့၊ သင်္ခဏ်းစာ ပေး ဖို့၊ တည်ဆောက် ဖို့ တွေ့ကြုံ ရခြင်း
ဖြစ်သည်။ ထို့ကြောင့် တွေ့ကြုံ သမျှ လူ နှင့် အရာ တို့ သည် ပါရမီ ဖြည့်ဖက်
ဖြစ်သည့် အတွက် ကျေးဇူး တင် လျက် ဘုရားသခင် ၏ ဂုဏ်ကျေးဇူး ကို ချီးမွမ်း ပါ။
အရာရာတိုင်း
ထာဝရ ဘုရား ၏ ညဏ်တော်၊ လက်တော် ၌ ရှိသည်။
မျက်စိ ဖြင့် မြင် ရ သော အရာ အားဖြင့် မမြင် ရ သော
ဝိညာဉ် အရာ ကို မိမိ အား ဘုရားသခင် ညွှန်ပြ သွန်သင် နေခြင်း ဖြစ်သည်။
မိမိ
ကိုယ်ကို နှိမ့်ချ နာခံ သူ ကို သာ
ဘုရားသခင် ဖွင့်ပြသည်။
ဝိညာဉ် မျက်စိ ဖြင့် ကြည့် သူ သာ ဝိညာဉ် အရာ ကို
မြင် ရ သည်။
ဝိညာဉ် နား ဖြင့် ကြားနာ သူသာ ဘုရားသခင် ပြောသံ
ကို ကြား ရ သည်။
ဝိညာဉ် လူ ပဲ ဝိညာဉ် အရာ ကို နားလည် နိုင် သည်။
နမူနာများ
၁. နေ့၊ ည၊ နေ့တိုင်း ရေဒီယို လေလှိုင်း မှ ဘာသာစကား
ပေါင်းစုံ ဖြင့် ထာဝရ ဘုရား ၏ ချစ်ခြင်း၊
အပြစ် ခွင့်လွတ်ခြင်း၊ ကယ်တင်ခြင်း၊ သံသရာ
ဝဋ်ဆင်းရဲ မှ လွတ်မြောက်ခြင်း ----- အကြောင်း ဟောပြော သက်သေခံ နေ တာ ကို နားထောင်
နိုင် တယ်။
ဘုရားသခင်
၏ စကား ကြားချင် သူ တိုင်း ----- ကြား နိုင် ပြီ။
ကမ
္ဘာ စွန်း အထိ ကြား နိုင် ပြီ။
လူ ဝိညာဉ် အတွင်း မှ ကြားနိုင် သလို
လေလှိုင်း မှ လွင့် လာ တာ ကို လည်း
ကြား
နိုင် တယ်။
၂. ဘုရားသခင် ၏ မေတ္တာ သံ၊ ခေါ် သံ၊ သတိပေး သံ
ကို ကက်ဆက်ခွေ၊ CD,DVD,VCD,TV,Mp3...Mp4,
i phone
ဖြင့် ကြားနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပြီ။
ဘုရားသခင်
၏ သက်သေခံများ ၊ စေတမန်များ၊ ဘုရားသခင် ၏ ပရောဖက်များ ကို ------- နေရာတကာ
သို့ ဘုရားသခင် စေလွှတ်ပြီး သက်သေခံ ဟောပြော သတိ ပေး နေ သည်။ ဘုရားသခင် ၏ မေတ္တာ
စကား ကို အသက်ရှင် သော လူ ကြားချင် သူ တိုင်း ကြားနိုင် ပြီ။
ယခု
သင် အသက် ရှင် စဉ် ကြားနိုင် တယ်၊ နောင်တ ရ ချိန် ရှိ သေးတယ်
သေပြီး
ရင် ခွင့်လွတ်ခြင်း စကား မကြားနိုင် တော့ ပါ
လူ
ဟာ တစ် သက် သာ အသက် ရှင် ခွင့် ရ မယ်၊
သေပြီး
ရင် ငရဲ မှာ ပြစ်ဒဏ် စီရင် ခံ ရ မယ်
၎. စာငှက်
လူ
မျက်စိ ဖြင့် မြင် နိုင် သော စာငှက် ကို ညွှန်ပြ ပြီး ဆင်ခြင် ဖို့ ယေရှု ဥပမာ
ပေးတယ်။
ကြေး တစ်ပြား နဲ့
စာငှက် ၂ ကောင် ဝယ် ရနိုင် ပြီး ကြေး ၂ ပြား နဲ့ ဆို ရင် စာငှက် ၅ ကောင် ရ ခြင်း ဟာ ၁ ကောင် အခမဲ့ အပို ရခြင်း
ဖြစ်တယ်။
ဤ မျှ ဈေး ပေါ တဲ့
စာငှက် ကို ဘုရားသခင် မမေ့ဘူး၊ ဂရုစိုက် ကွယ်ကာ သေးတယ်။ ဘုရားသခင် ခွင့်မပြု ဘဲ
တစ် ကောင် တလေ မျှ မြေ ပေါ် ကျ သေ ဖို့ မရှိ ဘူး။
စာငှက်
တွေ လယ် မထွန်၊ စပါးကျီ လည်း မဆောက်ဘူး၊ ဒါတောင် တစ်ကောင် တစ်လေ မျှ ငတ် သေ ခွင့်
မပေး တဲ့ ဘုရား က စာငှက်ထက် တန်ဖိုးကြီး တဲ့ လူ ကို ဂရု မစိုက် ဘဲ နေပါ့ မ လား ?
လု၊ ၁၂၆,၇,၂၄။ မ ၊၆၂၆၊
၁၀၂၉,၃၀,၃၁
မျက်စိ
ဖြင့် မြင် ရ သော စာငှက် ကို သင် ကြည့်ပြီး ဆင်ခြင် စဉ်းစား တတ် ရင် မမြင် ရသော
ဖန်ဆင်းရှင် ဘုရား ၏ ကောင်းမြတ်ခြင်း၊ ကျေးဇူးပြုခြင်း၊ စောင့်ထိန်း ကွယ်ကာခြင်း
------- ကို သင် သိ မြင် စိတ်ချ နိုင်သည်။
၅. ဆံချည်
လူသား တစ်ဦးစီ တိုင်း
၌ ဆံပင် ဘယ် နှစ်ပင် ရှိသည် ကို ဘုရားသခင် အတိအကျ သိသည်။
ည က သင် အိပ် နေစဉ် ဆံချည် ဘယ် နှစ်ပင် ကျွတ်
သွားသည် ကို လည်း ဘုရားသခင် အတိအကျ သိသည်။ သင့် ချွတ်ယွင်းမှု များ၊ လိုအပ်မှု များ
ကို ဘုရားသခင် မသိဘူး လို့ မထင်နဲ့။ တန်ဖိုး မရှိ၊ အရေးမကြီး တဲ့ ဆံပင်ချည် ကို
ပင် ဂရုစိုက် ရေတွက် နေ တဲ့ ဘုရား က အရေးကြီး၊ တန်ဖိုးကြီး တဲ့ ----- သင့်
နှစ်လုံး၊ ကျောက်ကပ်၊ အသဲ၊ အသိ ဦးဏှောက် ----- ကို ပို၍ ----- ပို၍ ----- အဆ
တစ်ထောင် တစ်သောင်း မက ဂရုစိုက် ကြောင်း သိ နိုင်သည်။
မသန့်ရှင်း၊
မတည့် တဲ့ အစားအသောက် နဲ့ သင့် ကိုယ်ခန္ဓာ ကို သင် ညစ်ညူး စေ ပေမယ့် ဘုရားသခင် က
သင့် ခန္ဓာ ထက် သင့် ဝိညာဉ် ကို ပို နှမြော တသ မြတ်နိုးတယ်။
သင့်
ခန္ဓာ ထက် သင့် စိတ် က ပို အရေးကြီး တယ်၊ အကြောင်းမှာ သင့် စိတ် စွဲလမ်း သည့် နေရာ
သို့ သင့် ခန္ဓာ နဲ့ ဝိညာဉ် ရောက်တတ်တယ်
ဒါကြောင့်
အမြင့်ဆုံး
ပလ္လင် ပေါ် ချီးမြှောက် ခံရသော ယေရှုခရစ် ကို စေ့စေ့ အာရုံ ပြု ပါ။
ဘုရားသခင် ၏ လက်ျာဘက
ခရစ်တော် ထိုင် နေ သည့်
အထက်
နေရာ ၌ ရှိ သည့် အရာများ ကို
ရှာ
ပါ -----ဘုရားသခင်
ပြောကြားခြင်း ဖြစ်သည်။
၆. မသာ တစ်ခေါက် ကျောင်း ၁၀ ခေါက်
ကျွန်တော်
ခလေး ဘဝ က မိဘ ၂ ဦး ခရီး လွန် နေစဉ် အလွန် နီးစပ် သော ဆွေမျိုး ထဲ မှ သက်ကြီး သူ
တစ်ဦး သေ ဆုံး သွား ပါသည်။ ထို သူသည် ကျွန်တော့် ဘခင် ထက် သက်ကြီး သူ၊ ဝါရင့် သူ
ဖြစ်ခြင်း ကြောင့် ကျွန်ုပ် ဘခင် ကိုယ်တိုင် လျှော်တေ အဝတ် = ဂုံနီ အိတ် ကို
ခေါင်းပေါ် ခြုံ လျက် ဂုံနီ အင်္ကျီ၊ လုံချည် ဝတ်ပြီး၊ အလောင်း ကို ကန်တော့ ကာ၊ အသုဘ
ပို့ - ဖို့ တာဝန် ရှိ သည်။ ဘခင် ခရီး လွန် နေခြင်း ကြောင့် ဘခင် ကိုယ်စား သားကြီး
ဖြစ်သူ ကျွန်တော် ကန်တော့ ဖို့ အဖွား က အတင်းအကြပ် ခိုင်းလျှင် ကျွန်တော် က
အကျောက်အကန် ငြင်း ပါသည်။ နောက်ဆုံး - ကန့်တော့ မည့် အစား ခေါင်း ငုံ့ အလေးပြု
ဖို့၊ ဂုံနီအိတ် အစား - အင်္ကျီ၊ လုံချည် မဲ ဝတ် ဖို့ သဘောတူ လိုက် ပါသည်။
ဒါနဲ့
အဖွား နဲ့ ကျွန်တော် အသုဘ ပို့ သွား ပါသည်။ တစ်ခါ ဖူး မျှ ကျွန်တော် အသုဘ မကြုံ
ဖူးပါ။ ဤ အကြိမ် သည် ကျွန်ုပ် ၏ ပထမ ဆုံး အတွေ့အကြုံ ဖြစ်ပါသည်။ အသုဘ
အိမ်ရောက်တော့ --- လမ်းမ ပေါ် ၌ အလွန့် - အလွန် ကျယ်လောင်၊ ဆူညံ၊ ကြောက်ရွိ့
တုန်လှုပ်ဖွယ် အသံ ကို အဝေး မှ ကြား ရ သည်။ မြင်ကွင်း လည်း ဝမ်းနည်း စရာ များ သာ
တွေ့ ရ သည်။ သေဆုံးသူ ၏ သားသမီး များ က ကန့်တော့ ရုံ မက၊ လေးဘက် ထောက် သွား လျက်
ခေါင်း ကို အခေါက်ခေါက် ပတ်စဉ် ခွေး လို အူ ကြသည်။ ဘာ့ကြောင့် ခွေး လို အူသလဲ
မေးတော့ - အားကိုး ရ တဲ့ ဘခင် ဆုံးခြင်း ကြောင့် ကျန်ရစ် သည့် မှီခိုသူ သားသမီး
များ ခွေး ဖြစ် ပါပြီ လို့ ဆိုလို ကြောင်း သိ ရတယ်။ သေဆုံး သွားသူ ကို ကျွန်တော်
မမြင် ဖူး ပါ၊ မသိ ပါ။ သေဆုံး ကြောင်း ကြားတော့ ကျွန်တော် ဝမ်းမနည်း မိ ပါ။
သို့သော် ယခု ငိုယို သံ ကြားတော့ စိတ်ထိန်း မရ နိုင်အောင် ကျွန်တော် လည်း ဝမ်းနည်း
ပြီး ငို မိ ပါ သည်။ အမျိုးသမီး ငါးယောက် လည်း ဂုံနီ အိတ် ခြုံ လျက် အော်ဟစ်
ငိုကြွေး နေ ကြသည်။ ထို အမျိုးသမီး ၅ ဦး မှာ အငှါး ငိုကြွေး သည် များ ဖြစ် ကြသည်။
တကယ် မျက်ရည် ထွက်ခြင်း မရှိ ဘဲ ငိုကြွေးသံ လုပ်နေ ကြခြင်း ဖြစ် ကြောင်း
အဖွား က ရှင်း ပြ ပါ သည်။ ဘာ့ကြောင့် ငိုကြွေးသည် ငှါးစရာ လိုသလဲ မေးတော့ -
ငိုကြွေး သူ များ မှ ဂုဏ် ပို ရှိ တယ်၊ သေဆုံး သွားသူ ကို ချစ် သနား သူ များ ပါ
လား --- လို့ လူတွေ ကို သိမြင် စေကြောင်း သိ ရသည်။
ထို
ဆူညံ၊ အော်ဟစ်၊ ငိုကြွေး၊ ဝမ်းနည်း --- ဖွယ် အသုဘ ၌ ကျွန်တော် ချက်ချင်း သင်္ခဏ်းစာ
ရ ခဲ့ ပါ သည်။ “ကျွန်ုပ် ၏ မိဘ နှင့် မိသားစု များ ကို ဤ သေခြင်းမျိုး နှင့် မသေ
စေ ချင် ပါ။ ငါ ကိုယ်တိုင် လည်း ဤ သေခြင်း မျိုး နဲ့ မသေ ချင်ပါ။ ဤ အသုဘ မျိုး
နှင့် ဘယ်တော့ မှ မကြုံ ချင်၊ မပို့ ချင် ပါ။”
ဟု ကျွန်ုပ် ဆုံးဖြတ် ခဲ့သည်။
တစ်နေ့
- မိတ်ဆွေ တစ်ဦး အားဖြင့် လူ ခံ ရ မည့် သေပြစ်ဒဏ် အတွက် ယေရှု အသေခံ ပေးချေ
ပြီး ကြောင်း၊ သေခြင်း မှ ပြန်ရှင် သည့် ယေရှု ၏ ဝိညာဉ် ကို လက်ခံ
ရရှိ သူ သည် ထာဝရ အသက် ရကြောင်း၊ ထာဝရ ရ ပြီး သူများ သည်
ကောင်းကင် ဘုံ ၌ ပြန်ဆုံ တွေ့ ရ ကြောင်း --- သတင်းကောင်း ကျွန်ုပ် ကြား ရ ပြီး -
ကယ်တင်ရှင် ယေရှု ကို ကျွန်ုပ် လက်ခံ ယုံကြည် ခဲ့သည်။
၇. ငွေ ဖြင့် မဝယ် တဲ့ ကား
ယေရှု ၏ ကယ်တင်ခြင်း
သတင်းကောင်း အကြောင်း ကို လူမျိုးတကာ၊ တိုင်း နှင့် ပြည်နယ် အသီးသီး သို့
ကျွန်တော် မအား အလပ် လှည့်လည် ဟောပြော ခဲ့ သည်။ မြို့ကြီး ပြကြီး တွင် ကျွန်တော်
အနေ နည်း သည့် အတွက် စီးပွားရေး အကြောင်း ကြားဖူး နားဝ ပင် မရှိ ပါ။ တစ်နေ့ --- လူ
တစ်ဦး ငွေ မရှိဘဲ ကား ပိုင် ပြီး အငှါး တက်စီ TAXI လုပ်ငန်း လုပ်ကြောင်း ကြား ရ
သည်။ ဘယ်နည်း နဲ့ ကား ပိုင် ကြောင်း ကျွန်ုပ် မေးတော့ - ဘဏ် မှာ ငွေချေး ယူပြီး
ကား ဝယ် ရ နိုင် ကြောင်း သိ ရ တော့ သည်။ ဒါနဲ့ ကျွန်ုပ် လက် ထဲ မှာ ငွေ မရှိ
ပေမယ့်၊ ဘဏ် မှာ ရှစ်သိန်း ချေးပြီး ကား တစ်စီး ပိုင် ခဲ့ ပါ သည်။ ငါး နှစ်
သုံးပြီး ပြန်ရောင်း သည့် အခါ သိန်း သုံးရာကျော် ပြန် ရ ခဲ့ သည်။ ဘဝ အတွေ့အကြုံ
ဖြင့် ဘုရားသခင် ၏ ကောင်းမြတ်ခြင်း၊ ကျေးဇူးပြုခြင်း --- ကို ကျွန်ုပ် ခံစား ခဲ့ ရ
သည်။
၈။ တပည့်တော် ဖြစ် သင်တန်း
ခရစ်တော် ၏ တပည့်တော်
ဖြစ် စေခြင်း --- သည် --- ဝိညာဉ်၊ စိတ် နှင့် လူ ကို ဆပွားခြင်း ဖြစ် သည့် အတွက်
ထိရောက်ဆုံး၊ အကျိုးအမြတ် အရှိ ဆုံး ဖြစ်ကြောင်း --- ကျွန်ုပ် သိ သည့် နေ့ မှ စ
ပြီး လူများစွာ ကျွန်ုပ် သင်တန်း ပေး ခဲ့သည်။
အိမ်
ပြည့်လျှံ၊ မစင်တွင်း ပြည့်လျှံခြင်း ကြောင့် ဧည့်သည် နှင့် သင်တန်းသား တည်းခို
ဖို့ အိမ်၊ အဆောင် --- လိုအပ် လာသည်။ အဒေါ် တစ်ဦး က အတင်းအကျပ် တိုက်တွန်းခြင်း
ကြောင့် မဝယ် မဖြစ် သည့် အတွက် မြေ နှင့် အိမ် ဝယ် ခဲ့ သည်။
အစ
က မြေ တစ်ကွက် အိမ် တစ်လုံး အကျွန်ုပ် မပိုင် ခဲ့ ပါ။
ယခု
နေရာတိုင်း တွင် မြေ နှင့် အိမ် ကျွန်ုပ် အတွက် အဆင်သင့် ရှိ နေ ပြီ။
လေးသောင်း အကျွန်ုပ် ဝယ် ခဲ့ သော မြေ နှစ်ကွက်
ပြန်ရောင်း တော့ သိန်း တစ်ရာ ကျော် ပြန် ရ ပြီး၊ သိန်း တစ်ရာ ဖြင့် ကျွန်ုပ် ဝယ်
ခဲ့ သော မြေ တစ်ကွက် ယခု သိန်း တစ်ထောင် ကျော်
ပြီ။
သာသနာ အိမ်
ယခု သိန်း တစ်ထောင် ကျော် သည်။
ခရစ်တော်
ကြောင့် ----- ကိုယ့် အိမ်၊ လယ်၊ ယာ၊ သား သမီး၊ အမိ၊ အဘ၊ မောင် သို့မဟုတ် အစ်မ ---
တစ်ပါးပါး ကို စွန့်၏ ။ ထိုသူ သည် အဆ တစ်ရာ နှင့် တကွ ထာဝရ အသက် ကို
အမွေ ခံ ရ မည်။ မ၊ ၁၉၂၉
ယခု ကျွန်ုပ် ၌ အမိ၊
အဘ၊ မောင် နှမ နှင့် သား သမီး ----- နိုင်ငံတိုင်း တွင် ရှိ ပြီ။
၉. မကုန် နိုင် သော ငါးပိ အိုး
တစ်နေ့ ----- အမျိုးသမီး တစ်ဦး ကြည့်မြင်တိုင်
အနောက်ပိုင်း ဆေးရုံ မှ ပြေးဆင်း လာပြီး --- ကျွန်ုပ် ဇနီး ထံ ငွေ ချေး သည်။ သူ့
ခင်ပွန်း အသည်းအသန် ဗိုက်အောင့်ခြင်း ကြောင့် တော မှ အရေးပေါ် ဆေးရုံ သို့ ရောက် လာ ပြီး၊ ခွဲစိတ်
ကုသ ဖို့ လို လာ သည်။ ချက်ချင်း ငွေထုတ် ပေးပြီး ကူညီ လိုက်သည်။ နောက်ထပ် အရေးပေါ်
ငွေ ထပ် လိုအပ်ခြင်း ကြောင့် ပေး လိုက် ပြန် သည်။ ကူညီ ပေးလိုက် သူသည် ဆွေမျိုး
မတော်ပါ၊ ရင်းနှီးသူ လည်း မဟုတ်ပါ။ အသည်းအသန် အသက်လု ရသည့် လူမမာ ပြန် နေကောင်း
ကျန်းမာ သွား ပါ သည်။
တော
သို့ ပြန်သွား ရတော့ မည်။ ကြွေး ဆပ်စရာ ငွေ မရှိ၊ ရွှေ လည်း မရှိ ခြင်းကြောင့် သူ
တို့ အိမ် တွင် ကိုယ်တိုင် တည်ထားသော ငါးပိအိုး သယ် လာ ပြီး - ကြွေးဆပ် ခဲ့
ပါသည်။
ခက်တာ
က ကျွန်ုပ်တို့ မိသားစု မှာ ငါးပိ မစား တတ် ကြ ပါ၊ ဈေး နှုန်း လည်း မသိ ပါ။
ဒါကြောင့် အိမ် နီးနားချင်း မိတ်ဆွေများ အား ဒို့ အိမ် မှာ ငါးပိ လာယူ စားပါ၊ သင်
တို့ ဈေးက ဝယ်ယူ တဲ့ အတိုင်း ပဲ ပေးရင် တော် ပါ ပြီ လို့ သတင်း ဖြန့် လိုက် သည်။
ငါးပိ တစ်အိုး လုံး ကုန် သွား သည်။ ထပ် လာ ပြီး ငါးပိ အတင်း တောင်းဝယ် ကြသည်။
ငါးပိ မရှိတော့ဘူး၊ ရောင်း စရာ မရှိတော့ဘူး --- လို့ ပြော လည်း မရ တော့ချေ။
အဒေါ်ကြီး
ရဲ့ ကောင်းတဲ့ ငါးပိ မျိုး ဈေး ထဲ မှာ ဝယ် မရ လို့ အရင် က ငါးပိမျိုး ထပ်မှာ
ပေးပါ လို့ လူ အများ က အတင်းတောင်း ဆို လာ ကြ ခြင်း ကြောင့် ရှာကြံ ပြီး ငါးပိ
ဆက်မှာ ရောင်း ခဲ့ ရသည်။ ဒါနဲ့ ကျွန်ုပ် ဇနီး
ငါးပိသည် ဖြစ်မှန်း မသိ ဖြစ်ခဲ့သည်။
တပည့်တော်
ဖြစ် သင်တန်း သူ/သား လည်း ရှစ်ဆယ် ကျော် ရှိ သည်။ မိသားစု နဲ့ ဧည့်သည် နေ့တိုင်း
လူ ၁၀၀ခန့် ငါးပိ ဖြင့် ဝမ်းဖြည့် ကြ ရ သည်။
ထို
ငါးပိ တစ်အိုး ဖြင့် လူ ရာပေါင်း များစွာ စား ရ ရုံ မက နောက် နှစ်ပေါင်း
များစွာ အကုန် မခမ်း တော့ ပါ။
လူ နှင့် ပြဿနာ တွေ့ကြုံခြင်း မှ --- ဘုရားသခင် ၏
ကောင်းမြတ်ခြင်း နှင့် ဘုရားသခင် ၏ ကျေးဇူးပြုခြင်း ----
သက်သေ ထင်ရှား ခံစား လာခြင်း ဖြစ်သည်။
Blessings
is disguise
ရုပ်ဖျက် လာသော ကောင်းချီးများ ဟု ခေါ်သည်။
ဘုရားသခင်
ကို ချစ်သောသူ အတွက် ဖြစ် သမျှ အကြောင်း၊ အကောင်း ချည်းပဲ။ ရော၊ ၈၂၈
၁၀။ အဆုံးမရှိသော ပညာ
Holy Bible သမ္မာကျမ်း ကို အိတ်ဆောင်
လွယ်အိတ် ထဲ ထည့်ပြီး ခရီးသွားရင်း ဖတ်ရှု လေ့လာ နိုင်သည်။ အပေါ်ယံ ကြည့်လျှင်
စာအုပ် သေးသေးလေး သာ ဖြစ်သည်။
တကယ့်
တကယ် မှာ . . . သမ္မာကျမ်း သည် ကမ္ဘာ့ အကြီးဆုံး စာကြည့်တိုက် ထက် သာ၍ ကြီးမား
ကျယ်ပြန့်သည် ၊ စုံလင်သည်၊ ခေတ် ရှေ့ပြေး နေသည်။
စာကြည့်တိုက်များ တွင် ခေတ်ပေါ် ၊ ခေတ်မှီ
စာအုပ်များ ထားဖို့ နေရာလပ် အတွက် လွန်ခဲ့သော နှစ် ၅၀ အတိတ် က ရေးသား ပုံနှိပ်
သည့် စာအုပ်ဟောင်းများ ၏ နေရာ ရဖို့ စာအုပ်ဟောင်းများ ကို လွှင့်ပစ်ဖယ်ရှား
လိုက်ရသည်။ သို့ပေမယ့် AD ၁၀၀
ခုနှစ် ၌ ရေးပြီးခဲ့သော သမ္မာကျမ်းတစ်အုပ် တည်း သာ လွှင့်ပစ် မရသော စာအုပ်
ဖြစ်နေသည်။
ဘာကြောင့်
သမ္မာကျမ်း ဟာ
အရေးအကြီးဆုံး
၊ လွှင့်ပစ် မရဆုံး ၊ ထူးခြားဆုံး
ခေတ်ရှေ့ အပြေးဆုံး ဖြစ်နေ သလဲ ?
သမ္မာကျမ်း တွင် ဖော်ပြ ရေးသား ထားသည့်
အကြောင်းအရာ ၊ အဖြစ်အပျက် ၊ စင်္ကြ၀ဠာ ၊ ဂြိုလ်နက္ခတ် ၊ ရုပ်ဝတ္တု ၊ ၀ိညာဉ် ၊ လောကီ ၊
လောကုတ္တရာ အကြောင်း . . . အားလုံး တိကျ မှန်ကန်သည်။ စတင် ရေးသား ခဲ့သည့်
လွန်ခဲ့သော နှစ် ၃၅၀၀ အတွင်း အမှား တစ်စုံတစ်ခု မျှ ရှာ မတွေ့ပါ။ အမှား ပြင်စရာ
မရှိ သော ကျမ်း ၊ စိတ်ချ အရဆုံးကျမ်း ဖြစ်သည်။
သမ္မာကျမ်း ကို ဆန့်ကျင် ဖျက်ဆီး သည့် . . .
ဘုန်းတော်ကြီးများ ၊ ဘုရင်များ ၊ အာဏာရှင်များ ၊ ဓမ္မ အန္တရာယ်များ . . . ခေတ်
အဆက်ဆက် တိုင်း ပေါ်လာပြီး ၊ ပျက်စီး သေဆုံး သွားကြသည်။ သမ္မာကျမ်း ကို ဖျက်ဆီးလိုသူ
သာ ပျက်စီးဆုံးပါး သွားကြသည်။ သမ္မာကျမ်းသာ တည်ရှိမြဲ တည်ရှိ နေသည်။
ကမ္ဘာ့ နိုင်ငံကြီးများ ၊ အင်ပါယာများ ၏ အခြေခံ
ဖွဲ့စည်းပုံ နှင့် စီရင်ထုံး ဥပဒေ ရေးဆွဲသည့် အခါ သမ္မာကျမ်း မှ ကောက်နုတ် ကိုးကား
ချမှတ် ကြရသည်။ သမ္မာကျမ်း သည် ဆန့်ကျင်တိုက်ခိုက် ဖျက်ဆီး အခံရဆုံးကျမ်း ၊
ဘာသာစကား အများဆုံး သို့ (၂၄၅၀ ကျော်) ဘာသာပြန်ရဆုံးကျမ်း ၊ အုပ်ရေ အများဆုံး
ပုံနှိပ်ဖြန့်ချီ ရဆုံး ကျမ်း ဖြစ်သည်။ လူ ကို ပြောင်းလဲစေဆုံး ကျမ်း ဖြစ်သည်။
သမ္မာကျမ်း တွင် ဖန်ဆင်းရှင် ဘုရား နှင့်
ဖန်ဆင်းခြင်း အကြောင်း ၊ လူ စတင် ဖြစ်ပေါ်လာပုံ ၊ အိမ်ထောင်ရေး ၊ လူမှု့ရေး ၊
ဘုရားသခင် နှင့် လူ ဆက်သွယ်ပုံ နှင့် ဆက်ဆံရေး ပြတ်ဆဲပုံ နှင့် ပြန်ဆက်သွယ်ပုံများ
၊ လူ ၏ အပြစ် ကြောင့် ခံရသည့် ဒုက္ခ ဝေဒနာများ ၊ လူ ၏ မှားယွင်း သော အမူအကျင့်
နှင့် ကိုးကွယ် လွဲခြင်းများ ၊ ဘုရားသခင် ၏ လမ်းညွှန်မှုများ နှင့် ပညတ်များ ကို
မှတ်တမ်းတင် ထားသည်။
ဒီ့ပြင်
ဝိညာဉ် နိုင်ငံ နှင့် ရုပ်
နိုင်ငံ
ထာဝရ နှင့် သင်္ခါရ
အစစ် နှင့် အတု
ရှင်ခြင်း နှင့် သေခြင်း
ပရဒိ သုခဘုံ နှင့် ငရဲ
အကြောင်း ပိုင်းခြား ရွေးချယ် အသက်ရှင် တတ် ဖို့ လမ်းညွှန် ထားသည်။
ဘုရားသခင် ၏ လူမျိုးတော် သမိုင်း ၊ အနာဂတ် မှာ
ဖြစ်ပျက်မည့် ဗျာဒိတ် စကားများ ၊ ၀ိညာဉ်သက် နှင့် ရှင်သူ အတွက် ၀ိညာဉ် စကားများ ၊
လူ အတွက် ဘုရားသခင် ၏ ရည်ရွယ်ချက် နှင့် အလိုတော်များ ၊ လူ အတွက် ဘုရားသခင် ၏ စီမံ
ပြင်ဆင်မှုများ နှင့် ကျေးဇူးပြုခြင်းများ . . . ကို ဖော်ပြထားသည်။
သမ္မာကျမ်း သည် လူ တစ်ဦး သိသင့် သိထိုက် သမျှ
အားလုံး ၊ လောကီ နှင့် လောကုတ္တရာ အတွက် အဓိက ၊ အရေးအကြီးဆုံး အရာများ ကို
ဆင်ခြင်ပိုင်းခြား ရွေးချယ် မမှားအောင် အကျဉ်းချုပ် ဖော်ပြ လမ်းညွှန်သည့် ကျမ်း
ဖြစ်သည်။
သမ္မာကျမ်း ဖတ်ရှု လေ့လာ သူ သည် မင်္ဂလာ ရှိ စေသည်။
ပညာ ရှိ ဖြစ်လာသည်။ အ၀ိဇ္ဇာ အမှောင် နှင့် သံသရာ ၀ဋ် ဆင်းရဲ မှ လွတ်မြောက်စေသည်။
ငရဲ မီး ၌ လောင်ခံရမည့် ပြစ်ဒဏ် မှ ကင်းလွတ်နည်း ကို သိ စေသည်။ ကယ်တင်ရှင် ဘုရား
နှင့် ရင်းနှီး ကျွမ်းဝင် တတ် စေ သည်။
ယာဝေ ထာဝရဘုရား သည် အဆုံး ကို အစကပင် သိမြင်
ရုံမက ၊ အဆုံး ကို အစ ကတည်းက ကြိုပြောပြသည်။
ထာဝရဘုရား သည် အရာခပ်သိမ်း ကို သိရုံမက၊
အရာခပ်သိမ်း တတ်စွမ်းသော အရှင် ဖြစ်ပြီး ၊ မစ ၊ ကယ်လွှတ်သော မေတ္တာ ၊ ကရုဏာ ရှင်လည်း
ဖြစ်သည်။
ထို့ကြောင့် သမ္မာကျမ်း ကို သင် ဖတ်ရှု့ လေ့လာ မှ
သင့် ကို ကယ်လွှတ်နိုင်မည့် ဘုရားစစ် ၊ ဘုရား မှန် ကို သင် သိမြင် အားကိုး တတ်မည်။
နှုတ်ကပတ်တော် သည် သင့် ခြေရှေ့မှာ မီးခွက်ဖြစ်၍ သင့်လမ်းခရီး ကို လင်းစေ၏။
အဓိပ္ပါယ် က ဘုရားသခင် သည် တစ်လှမ်းချင်း ၊
အမှု့အရာ တစ်ခုချင်း နေ့စဉ် လမ်းညွှန် ပဲ့ပြင် ရုံ မက ၊ ဘုရားသခင် ၏ ရည်ရွယ်ချက်
ပန်းတိုင် သို့ သင့်ဘ၀ တစ်လျှောက်လုံး နှုတ်ကပတ်တော် ဖြင့် ဖွင့်ပြ သေးသည်။ နှုတ်ကပတ်တော်သည်
ဘုရားသခင် ၏ လူ ကို စုံလင် ပြည့်ဝအောင်
ဘက်စုံ ပြုစု စီမံ တည်ဆောက်တတ်သူ ဖြစ်အောင် -
ဆုံးမ သြ၀ါဒပေးခြင်း ၊ အပြစ် ကို ဖော်ပြခြင်း ၊ တည့်မတ်ပေးခြင်း ၊ အသက်ရှင်ခြင်း
လမ်းထဲ ပို့ဆောင်ပေးခြင်း ကျေးဇူးများ ပြုတတ်သည်။
ဘုရားသခင် ထံ မှ ကြွလာ သော
ဝိညာဉ်တော်
သန့်ရှင်းသော ၀ိညာဉ်တော် သည် ဘုရားသခင် နှင့်
အတူ ထာဝရ ရှိသည် ၊ တစ်လုံးတစ်ဝတည်း ရှိသည် ၊ တစ်ဝိညာဉ်တည်း ဖြစ်သည်။ အရာခပ်သိမ်း
ကို သိသည် ၊ အရာခပ်သိမ်း တတ်နိုင်သည် ၊ ဖန်ဆင်းရှင် ဖြစ်သည်။
ယခု ပဋိညာဉ်သစ်ခေတ် တွင်
သန့်ရှင်းသော ၀ိညာဉ်တော် ကို လူ ထံ သို့ ဘုရားသခင် စေလွှတ်ပြီး ဘုရားသခင် ကို
ချစ်သော သူ အတွက်
+ ဘုရားသခင် ၏ အကြံအစည်
+ ဘုရားသခင် ၏ ရည်ရွယ်ချက်
+ ဘုရားသခင် ၏ အလိုတော်
+ ဘုရားသခင် ၏ စီမံကိန်း
+ ဘုရားသခင် ၏ ပညာ နှင့်
+ ဘုရားသခင် ၏ နက်နဲဖွယ် များ ကို ဖော်ပြ တော်မူ၏။
ဘုရားသခင် ပြင်ဆင်သော အရာတို့ ကို လူ
တစ်စုံတစ်ဦး မျှ မသိ ၊ မမြင် ၊ မကြားဘူး ၊ မကြံစည်သေး . . . .
ဘုရားသခင် ပေးသည့် အရာ
တို့ကို လူ့ အသိဥာဏ် ဖြင့် မမှီနိုင် ၊ နားမလည် နိုင် ပါ။
မပိုင်းခြားတတ်
၊ မခံယူ တတ်ပါ။
ဘုရားသခင် ၏ ၀ိညာဉ်တော် သည်
ဝိညာဉ်အရာတို့ကို
ဝိညာဉ်လူ
အား
ဝိညာဉ်စကား
ဖြင့်
ဖွင့်ပြ ပဲ့ပြင် တော်မူ၏။
ဝိညာဉ်လူ သာ
ဝိညာဉ်အရာ အလုံးစုံတို့ကို ပိုင်းခြား ၍
နားလည်တတ်၏။
ဝိညာဉ်လူ တို့ကို ဇာတိ လူ တို့ သည် နားမလည်
နိုင် ၊ နားမလည် တတ် ၊ နားလည် လွဲပြီး . . . ကဲ့ရဲ့ ၊ ယိုးဆွတ် ၊ ဆန့်ကျင်၊ ဆီးတား
၊ ပိတ်ပင် တတ်ကြ၏။
သန့်ရှင်း သော ၀ိညာဉ်တော်
၏
သွန်သင်
ပဲ့ပြင်မှု
ကို
ခံယူ
လိုက်လျှောက် သည့်
ဝိညာဉ်လူ သာ
ဘုရားသခင်
၏ အသံ ကို ကြား နိုင် သည်။
ဘုရားသခင်
ကို နာခံ နိုင်စွမ်း ရှိ သည်။
ဘုရားသခင်
ဆိုလိုတာ ကို နားလည် နိုင်သည်။
ဘုရားသခင်
၏ အလိုတော် ကို ပိုင်းခြား သိ သည်။
ဘုရားသခင်
၏ ရည်ရွယ်ချက် အတိုင်း အသက် ရှင် နိုင် သည်။
ဘုရားသခင် ၏ နက်နဲသည့် ၀ိညာဉ်အရာ ကို
သိမြင် ခံယူ တတ် သည်။
သန့်ရှင်း သော ၀ိညာဉ်တော် နှင့် နှုတ်ကပတ်တော်
အားဖြင့် လူ ကို ဘုရားသခင် ဖွင့်ပြ လမ်းညွှန်သည်။ သန့်ရှင်းသော ၀ိညာဉ်တော် နှင့် နှုတ်ကပတ်တော်
(၂) မျိုး ကို တစ်ပြိုင်တည်း ၊ တစ်ချိန်တည်း ... တွဲဖက် ညီညီ ဘုရားသခင်
အသုံးပြုပြီး လူ ကို ဦးတည်ချက် ပန်းတိုင် သို့ ပို့ပေးသည် ကို သတိပြုပါ။
ငှက်များ ပျံသန်းပုံ ကို စေ့စေ့ကြည့်ပြီး
ဘုရားသခင် ဆိုလိုသည့် ၀ိညာဉ် အနက် အဓိပ္ပါယ် ယူလျက် ဆင်ခြင် သင်ခန်းစာ ယူပါ။
ဘုရားသခင် ပေး သည့် အတောင်ပံ (၂) ဘက် ကို တစ်ပြိုင်တည်း ၊ တစ်ချိန်တည်း ခတ် လျှင်
ရှေ့သို့ ၊ အထက် သို့ တည့်တည့် ဦးတည် ပျံ သွားနိုင် သည် ကို သတိပြု ကြည့်ပါ။
တစ်ခါက ငှက်ကလေး တစ်ကောင်
ကို လောက်လေးဂွ ဖြင့် ကျွန်ုပ် ပစ်လိုက်သည့် အခါ ငှက်ကလေး မှာ ခြာခြာလည် ပြီး
အောက် သို့ ကျလာသည်။ မြေပြင် သို့ ကျပြီး လည်း ခြာခြာလည် အတောင်ပံ ခတ်မြဲ
ခတ်နေသည်။
စေ့စေ့ ကြည့်သည့် အခါ
အတောင်ပံ ကျိုး လျက် မလှုပ်နိုင်သည် ကို တွေ့ရသည်။ အတောင်ပံ တစ်ဘက် ကျိုး နေခြင်း
ကြောင့် ငှက်ကလေး မှာ တည့်တည့် ရှေ့သို့ ၊ အထက် သို့ မပျံသန်းနိုင်ခြင်း
ဖြစ်ကြောင်း ကျွန်ုပ် သင်ခန်းစာ ရခဲ့ပါသည်။
ထို ငှက်ကလေး အဖြစ် ကို ကြည့်ပြီး သနား
မဆုံးနိုင်တော့ပါ။ ယနေ့ ထိ ကျွန်ုပ် ငှက် မပစ်တော့ပါ။ ထို ငှက်ကလေး အတောင်ပံ
ကျိုးနေတဲ့ အတိုင်း လူများစွာ မှာ အတောင်ပံ တစ်ဘက်ကျိုး ဖြင့် . . . ကျမ်းစာ
တစ်မျိုးတည်း တစ်ဘက်စွန်း နှင့် အသက်ရှင်ခြင်းကြောင့် ခြာခြာလည် နေကြသည်။ နောက် လူ
တစ်စား က ၀ိညာဉ်တော် ၊ ၀ိညာဉ်တော် တစ်မျိုးတည်း တစ်ဘက်စွန်း ယူလျက် သူလည်း
ခြာခြာလည် သွားပြန်သည်။ ဘုရားသခင် က ကျွန်ုပ်တို့ လူသားများ ကို နား (၂) ဘက် ၊
မျက်စိ (၂) လုံး ၊ လက် (၂) ဘက် ၊ ခြေ (၂) ဘက် လက်ျာ နှင့် လက်ဝဲဘက် ၌ ထားပေးခြင်း
သည် balance ချိန်ခွင်လျှာ ညှိ ပေးခြင်း
ဖြစ်သည်။
ခြာခြာလည် သူတို့ သည် အထက်
ကောင်းကင် တတိယထပ် ၌ အဘဘုရား ၏ လက်ျာဘက် အမြင့်ဆုံး ပလ္လင်ပေါ်
၌ စိုးစံနေသော ခရစ်တော် ၌ in Christ
မတည်တော့ပါ။
တဲတော် ပုံ တွင် လေ့လာ
ပိုင်းခြားပါ။ တဲတော် ဂိတ် ပေါက်ဝ တွင် သွေးဖြင့် ဆေးကြော ခွင့်လွှတ်ခြင်း ခံရပြီး
သူ သည် ရေအင်တုံ တွင် နှုတ်ကပတ်တော် ရေ ဖြင့် နေ့စဉ် ဆေးကြော လျက် renewing
of the mind စိတ်နှလုံး သစ်
ပြောင်းလဲ နေ ဖို့ လိုသေးသည်။
ရေ သည် ၀ိညာဉ် ဗတ္တိဇံ ကိုလည်း ဆိုလိုသည်။
နေ့တိုင်း ၀ိညာဉ်တော် နှင့် ပြည့်ဖို့ ၀ိညာဉ်တော် ၏ ဖြည့်ပေးခြင်း အမြဲ ခံယူ
နေရဦးမည်။
နှုတ်ကပတ်တော် နှင့်
ဝိညာဉ်တော် (၂) မျိုး စလုံး ၏ သွန်သင်ပဲ့ပြင်ခြင်း နှင့် ဖြည့်ပေးခြင်း ကို
တစ်ပြိုင်တည်း ၊ တစ်ချိန်တည်း ခံယူနေ မှ ရှေ့သို့ ၊ အထက် ခရစ်တော် ၏ ပလ္လင်ဆီ သို့ တက်လှမ်း
တိုးပွားလျက် ဘုရားသခင် ၏ အလိုတော် ထဲ ၀င်ကာ ဖြောင့်ဖြောင့်မတ်မတ် ဘုရားသခင် ၏
ရည်ရွယ်ချက် ထဲ ရောက်မည်။
ဂိတ်ဝ ၀င်ခြင်း သည် သွေးဖြင့် အပြစ်ဆေးကြော
ခွင့်လွှတ်ခြင်း ခံ ရ ရုံသာ ရှိသည်။
ဘုရားသခင် ၏ ရည်ရွယ်ချက် မှာ
ခရစ်တော် နှင့် မိမိ အတူ အမွေခံပြီး ၊ ခရစ်တော် နှင့် မိမိ အတူ စိုးစံ ဖို့
ဖြစ်သည်။ ဘုရားသခင် ၏ အကြံအစည် ရည်ရွယ်ချက် ထဲ အဆင့်ဆင့် ချဉ်းဝင်နည်း ကို တဲတော်
ပုံစံ နှင့် ကရိယာများ ၌ လျှို့ဝှက် ထားသည်။ တဲတော်ပုံ ဂိတ်ပေါက်ဝ ကို အနောက်ဘက်
သို့ လှည့်ပြီး အလျားလိုက် ထားလျှင် အတိတ်
၊ ပစ္စုပ္ပန် ၊ အနာဂတ် ကို ပိုင်းခြား နိုင်သည်။ တဲတော်ပုံ ဂိတ်ပေါက်ဝ ကို တောင်ဘက်
သို့ လှည့်ပြီး ဒေါင်လိုက် ထားလျှင် ကောင်းကင်ဘုံ တတိယထပ် ၊ အဘဘုရား ၏ လက်ျာဘက်
အမြင့်ဆုံး ပလ္လင်ပေါ် ယေရှုခရစ် နှင့် အတူ မိမိ ကို ဘုရားသခင် ချီးမြှောက်သည့် ဘုရားသခင် ၏
အကြံအစည် ရည်ရွယ်ချက် ကို သိရသည်။
ဘုရားသခင် ၏ ရည်ရွယ်ချက်
နှင့် အလိုတော် ကို ဘာ အားဖြင့် ဘယ်လို ဖော်ပြကြောင်း ယခု အကျဉ်းချုပ် ဖော်ပြရုံသာ
ရှိသည်။
ဘာကြောင့် ဘုရားသခင် ၏
အလိုတော် ကို မသိ သလဲ ?
သတိ
ဥာဏ်ပညာ မဲ့ သော မြင်း နှင့် လား လို မဖြစ်နဲ့လို့။
လူတွေ ကို ဘုရားသခင် သတိပေးတယ် ဆာ၊၃၂း၈
လူတချို့ ဟာ မြင်း လို သွက်လက် ဖြတ်လတ် လျင်မြန်
ပြီး ဘာမှ မကြောက်ဘူး။ ရဲရင့်ခြင်း ရှိတယ်။ ရှေ့မှာ ၊ ဘေးမှာ ... သေနတ် နဲ့
အမြောက် ဘယ်လောက် ပစ်ပစ် ရဲရဲရင့်ရင့် ရှေ့တိုးရဲတယ်။ ငါ သိ တယ် ၊ ငါ တတ် တယ် ၊ ငါ
လုပ် မယ် ၊ ငါ သွား မယ် ဆိုပြီး မိမိ ကိုယ်စွမ်း ကို အားကိုးတတ် သူ တွေ ဟာ
ဘုရားသခင် ၏ သွန်သင် ပဲ့ပြင်ခြင်း မခံယူ တတ်တော့ပါ။
လူတချို့ ဟာ လား လို ခွန်အား
လည်း ရှိပြီး ၊ ခြေလည်း မြဲ ပြီး စိတ်မာတယ်။ ငါ မသွားဘူး ဆိုရင် မသွားဘူး ၊ ငါ
မလုပ်ဘူုး ဆိုရင် မလုပ်ဘူး ၊ ငါ မယုံဘူး ဆိုရင် မယုံဘူး။ ပေကပ်ကပ် ဇက်ခိုင်ခြင်း
ကြောင့် ဘုရားသခင် ၏ သွန်သင် ပဲ့ပြင်ခြင်း မခံယူ တတ်တော့ပါ။
ဘယ်လောက် တွန်းတွန်း၊ ဘယ်လောက် ဆွဲဆွဲ
ဘူး ဘဲ။
လူတချို့ ဟာ အကောင်ကြီး ပြီး ခေါင်း သေးသေး နဲ့
တူ တဲ့ ငှက်ကုလားအုပ် ostrich လိုပဲ။ သိပ် ဝေးဝေး
မစဉ်းစားဘူး။ ရန်သူ တွေ့ရင် ပြေးပြီး ရန်သူ ကို မမြင်အောင် သူ့ခေါင်း ကို တွင်း သေးသေး
တစ်ခု ထဲ ထိုးထည့်လျက် ပုန်း နေတတ်တယ်။ သူ က ရန်သူ ကို မမြင်ရတော့ ပေမယ့် ရန်သူ က
သူ့ကို မြင်ရတာ ကို သူ မသိရှာဘူး။ သူ လုံခြုံပြီ လို့ သူ့ထင်မြင်ချက် ကို ပဲ သူ
ယုံကြည်တယ်။
ကိုယ့် အသိအမြင် ၊ ခံယူချက်
ကို ပြန် ယုံကြည်သူ တွေ များ ကြတယ်။
မှား တာတွေ ကို မကြားရဲ သူ တွေ
မှား တာတွေ ကို မမြင် ရဲ သူ တွေ
မှား တာတွေ ကို မသိ ရဲ သူ တွေ ဟာ
မိမိ ရဲ့ ခေါင်း သေးသေးလေး ကို
ဘာသာရေးတွင်းထဲ ပညာရေးတွင်းထဲ လူမျိုးရေးတွင်းထဲ အလုပ်အကိုင်တွင်းထဲ
မြှုပ်နှံ ၊ ပုန်းလျှိုး လိုက်ခြင်းဖြင့်
ရှောင်ကွင်း သွားမယ် လို့ ထင်ကြတယ်။ သူတို့ ရဲ့ အသိ ဦးနှောက် ဟာ ငှက်ကုလားအုပ်
လောက် သာ ရှိကြတယ်။ မိမိ ရဲ့ အသိ ၊ နား ၊ မျက်စိ ကို လောကီ နိုင်ငံရေး ၊ လူမှုရေး
တွင်းများ ထဲ . . . ထည့်ထားလျှင် . . . တွေ့ကြုံသည့် လူ နှင့် အခြေအနေ အားဖြင့်
ဘုရားသခင် ညွှန်ပြ ၊ သွန်သင်ပဲ့ပြင် ၊ ဖွင့်ပြနေသည့် အရာများ ကို မမြင် မသိ နိုင်
တော့ ချေ။
ထို့ကြောင့် ကိုယ့်
အသိုက်အ၀န်း ၊ ကိုယ့် ကိစ္စ ၊ ကိုယ့် ခံယူချက် နဲ့ ပဲ အချိန် မဖြုန်းပါနဲ့။
ဘုရားသခင် ဖန်ဆင်းပေးသည့် . . လူ . . .
သစ်ပင် . . . သတ္တ၀ါများ . . . ဂြိုလ်နက္ခတ် . . . အရာများ မှ တဆင့် အထက် ဖန်ဆင်းရှင်
ဘုရား ကို မျှော်ကြည့်ပါ။
မူလ အရင်းအမြစ် ဖြစ်သော ဖန်ဆင်းရှင် ဘုရား ထံ မှ
အသက် ၊ အလင်း ၊ ချစ်ခြင်း ၊ ငြိမ်သက်ခြင်း ၊ ကောင်းမြတ်ခြင်း ၊ ၀မ်းမြောက်ခြင်း၊ စင်ကြယ်ခြင်း၊ နားလည်ခြင်း
၊ ပညာ . . . . မိမိ ထဲ စီးဆင်း လာ မည်။
စိတ်နှလုံး စင်ကြယ်သော သူ သည် မင်္ဂလာ ရှိ ၏။
အကြောင်းမူကား ထို သူ သည် ဘုရားသခင် ကို မြင် ရ
လတံ့။
ဘုရားသခင် ကို ချစ်သော သူ အတွက် ဖြစ်သမျှ
အကြောင်း အကောင်းချည်းပဲ။
ကျမ်းညွှန်း။ ။
ယော၊ ၄း၁၀ ၊ ၇း၁၇,၃၇-၃၉ ။ ရောမ၊ ၈း၎,၅,၉,၁၃-၁၇,၂၁-၂၃,၂၆-၃၀
။
၁ ယော၊ ၂း၂၇ ၊ ၅း၁၁-၁၃ ။ ယေဇ၊ ၁၁း၁၉ ၊ ၃၆း၂၆-၂၈
။ ဂလ၊ ၁း၁၁,၁၂,၁၆,၁၇
။ ဟေရှာ၊ ၅၅း၈,၉
။
မ၊ ၅း၁-၁၂ ၊ ၁၀း၂၉-၃၁၊ ၁၈း၁၅-၂၀ ။
ဘုရားသခင် ၏ အလိုတော် ကို မည်သို့ ကိုယ်တွေ့
ခံစား နိုင်မလဲ ¿
စာအုပ် ထပ် ထွက်မည်။
ဆင်ခြင် ဆွေးနွေး စရာ မေးခွန်းများ
၁. ဘယ်
နှစ် နိုင်ငံ ကို ဘုရားသခင် ဖန်ဆင်းသလဲ ?
ခြားနားချက် (၃) ခု ရေးပါ။
၂. သက်မဲ့
ဖြစ်သွားသော ကမ္ဘာ ကို ဘုရားသခင် ဘယ်တုန်း က ဘယ်လို ပြန်လုပ်သလဲ ? ဘာတွေ လုပ်သလဲ ?
၃. ဖန်ဆင်း
ခံ ရ တဲ့ လူ အာဒံ ဟာ ဘယ် အဆင့် ရှိပြီး ၊ သူ ၌ ဘာ အရည်အချင်း တွေ ရှိသလဲ ၊ (၁၂)
ချက် စာရင်းပြုပါ။
၎. လူ
၏ ၀ိညာဉ် အာရုံ Spiritual sensors စွန်းဆောင် နိုင်ချက် အနည်းဆုံး
၁၀ ချက် စာရင်းပြုပါ။
၅. လူ
၌ ဘုန်းတန်ခိုး မဲ့ခြင်းကြောင့် ဘာဖြစ်သွား သလဲ ? ၁၀ ချက် ရေးပါ။
၆. ငါး
နှင့် လူ တစ်ချို့ ဘာကြောင့် မျက်စိကန်း သွားကြ သလဲ ?
၇. လူ
မှာ သဘာဝ ဘယ်နှစ်မျိုး ရှိသလဲ ? ဘယ်နှစ်သက် ရှိလဲ ?
၈. လောက
လူသားများ ဘာမှား နေ ကြ တာလဲ ?
၉. သံသရာ
ဝဋ်ဆင်းရဲ မှ လူ ကို ဘာတွေ က မကယ်နိုင် သလဲ ? ၅ ချက် ရေးပါ။
၁၀. လူတွေ
ဘာရှာ နေ ကြ သလဲ ?
၁၀ ချက် ရေးပါ။
၁၁. ဘုရားစစ်
ကို ရှာတွေ့အောင် ဘာတွေ က လူ ကို လွဲစေ သလဲ ? ၅ ခု နမူနာ ပြပါ။
၁၂. လူ
အတွက် ဘုရားသခင် ဘာ အလို ရှိပါ သလဲ ? အနည်းဆုံး ခုနှစ်ခု စာရင်း ပြုပါ။
၁၃. ဘုရား
အလို နှင့် လူ့ အလို ဘယ်လို ဖြစ် သလဲ ?
၁၄. ဘုရားသခင်
၏ အလိုတော် ကို လူ သိ နိုင် မလား ?
၁၅. ဘုရား
အလို ကို လူ သိဖို့ လွယ် သလား ?
၁၆. ဘာ့ကြောင့်
သိလွယ် သလဲ ?
၁၇. ဘုရားသခင်
ဘာ အရင် စပြု သလဲ ? ၁၂ ချက် ရေးပါ။
၁၈. ဘုရားသခင်
၏ ကျေးဇူးပြုခြင်း၊ ဖြေကြားခြင်း ကို ဘယ်လို သိမြင် ခံစား နိုင်မလဲ ?
၁၉. ဘယ်လို
လူ ဖြစ် မှ ဘုရားသခင် ၏ အလိုတော် ကို သိနိုင် မလဲ ? ၅ ချက် နမူနာ ပေးပါ။
၂၀. ဘုရားသခင်
နှင့် တပြေးတည်း၊ တစ်ထပ်တည်း၊ တစ်လုံးတစ်ဝတည်း ဖြစ်စေ နိုင်သည့် ရှုဒေါင့် ၁၀ ချက်
စာရင်း ပြုပါ။
၂၁. ဘာတွေ
ဟာ သင့် ရဲ့ ပါရမီ ဖြည့်ဘက် လဲ ? သုံးခု နမူနာ ပေးပါ။
၂၂. သင့်
ကို ဘုရားသခင် ဟာ ဘာ ဖြစ်စေ သလဲ ? သုံးခု နမူနာ ပေးပါ။
၂၃. ၀ိညာဉ်
အရာ ကို ဘယ်လို လူ ပဲ ကြား ၊ မြင် ၊ နားလည် နိုင်မလဲ ? နမူနာ သုံးခု ပေးပါ။
၂၄. ဘုရားသခင်
၏ သွန်သင် လမ်းညွှန် ဖွင့်ပြခြင်း ကို ဘာ အရာများ ဖြင့် သိနိုင်မလဲ ? (၁၀) ခု စာရင်း ပြုပါ။
၂၅. သင့်
ဘ၀ အတွေ့အကြုံ မှ ဘုရားသခင် ကျေးဇူးပြု သည့် နမူနာ (၅) ခု ရေးပါ။
၂၆. သမ္မာကျမ်း
၏ ထူးခြားချက် (၁၅) ခု ရေးပါ။ ပုံဆွဲ ရှင်းပြပါ။
၂၇. သန့်ရှင်းသော
ဝိညာဉ်တော် လုပ်ပေးသည့် အရာ (၇) ချက် ရေးပါ။
၂၈. လူ
ကို တစ်ဘက်စွန်း မရောက်အောင် ဘုရားသခင် ဘာ နဲ့ ဘယ်လို ထိန်း သလဲ ၊ ပုံဆွဲ ပြီး
ရှင်းပြပါ။
၂၉. ဘုရားသခင်
၏ ရည်ရွယ်ချက် နှင့် အလိုတော် ထဲ ဘယ်နည်း နဲ့ ဘုရားသခင် လမ်းညွှန် ပို့ဆောင်သလဲ ? ပုံဆွဲ ရှင်းပါ။
၃၀. လူ
ဟာ ဘာကြောင့် ခြာခြာလည် သလဲ ၊ ဘယ်လို လည် သလဲ ? ပုံဆွဲ ပြပါ။
၃၁. ခြာခြာလည်
သူ ဟာ ဘယ်ကို မရောက် နိုင် တော့ ဘူး လဲ ?
၃၂. ဘာကြောင့်
ဘုရားသခင် ၏ အလိုတော် ကို မသိ သလဲ ? နမူနာ သင်ခန်းစာ (၃) ခု ပေးပါ။
၃၃. ယုံကြည်လျက်
နဲ့ မှား တာ ဘာကြောင့် မှား သလဲ ?
၃၄. ကိုယ့်
အသိအမြင် ၊ ကိုယ့် ခံယူချက် ကို ယုံကြည်ရသလား ? ကိုယ့်ထက်
ပိုသိ ၊ ကိုယ့်ထက် ကြိုမြင်တဲ့ ဘုရား ကို ယုံကြည် ရ သလား ?
၃၅. လူ
ပြော စကား ကို ယုံကြည် ရ သလား ? ဘုရား ပြော စကား ကို ယုံကြည် ရ သလား
?
၃၆. ဘယ်နည်း
၊ ဘာ အရာ အားဖြင့် ဘုရားသခင် ပြော နိုင် သလဲ ? နမူနာ (၃) ခု ပေးပါ။
၃၇. မူလ
အရင်းအမြစ် ဆိုတာ ဘယ်သူလဲ ?
၃၈. မူလ
အရင်းအမြစ် မှ ဘာတွေ မိမိ ထဲ စီးဝင် နိုင်သလဲ ? (၁၀) ခု ခန့် စာရင်း ပြုပါ။
မျိုးစေ့
www.dccinthailand.blogspot.com